တောင်ကြီးမြို့နယ်၊ အေးသာယာမှ လူငယ် ၃ ဦးဖမ်းဆီးခံရပြီး တစ်ဦး စစ်ကြောရေး၌ သေဆုံးဟု သတင်းထွက်ပေါ်


မဲခေါင်၊ ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှ လူငယ် ၃ဦး ယနေ့၊ နေ့လည်ပိုင်းက ဖမ်းဆီးခံရပြီး ၁ဦးစစ်ကြောရေး၌ သေဆုံးသွားကြောင်း စစ်တပ်အသိုင်းအဝိုင်းထံမှ သိရသည်။

အေးသာယာမြို့မှ လူငယ် ၃ ဦးကို ယနေ့၊ နေ့လည်ပိုင်းက PDF ဟု စွပ်စွဲကာ စစ်ကောင်စီမှ  ဖမ်းဆီးသွားခြင်းဖြစ်ပြီး တစ်ဦးပြန်လည်လွတ်မြောက်လာသော်လည်း တစ်ဦးကမူ စစ်ကြောရေးတွင် ယနေ့၊ ညနေပိုင်းက သေဆုံးသွားသည်ဟု လုံခြုံရေးအရအမည်မဖော်လိုသူ စစ်တပ်အသိုင်းအဝိုင်းမှ သတင်းပေးတစ်ဦးက ပြောသည်။

"လူငယ် ၃ ဦးကို အေးသာယာစခန်းကို ဖမ်းခေါ်သွားပြီး စစ်နေတာ။ တစ်ယောက်ကိုတော့ သက်သေမခိုင်လုံလို့ ပြန်လွတ်ပေးလိုက်ပေမယ့် တစ်ယောက်ကတော့ စစ်ကြောရေးမှာပဲ ကျဆုံးသွားတယ်လို့ သတင်းပြန့်နေတယ်။ သေချာသလောက်ရှိပါတယ်။ ထပ်သိရတာ၊ အတည်ပြုနိုင်တာရှိရင် ပြန်ပြောပေးပါမယ်" ဟု ၎င်းက ပြောသည်။

ယင်းအနက် ကျန်ရှိနေသည့် လူငယ်တစ်ဦးကို အေးသာယာရဲစခန်း၌ ရိုက်နှက်စစ်ဆေးနေပြီး မိသားစုဝင်များမှလည်း ဆက်သွယ်၍ မရသေးကြောင်း သိရသည်။


MeKong News - မဲခေါင်သတင်း

တောင်ကြီးမြို့နယ်၊ အေးသာယာမှ လူငယ် ၃ ဦးဖမ်းဆီးခံရပြီး တစ်ဦး စစ်ကြောရေး၌ သေဆုံးဟု သတင်းထွက်ပေါ် တောင်ကြီးမြို့နယ်၊ အေးသာယာမှ လူငယ် ၃ ဦးဖမ်းဆီးခံရပြီး တစ်ဦး စစ်ကြောရေး၌ သေဆုံးဟု သတင်းထွက်ပေါ် Reviewed by THITHTOOLWIN on 18:59 Rating: 5

No comments:

Powered by Blogger.