တန့်ဆည်တွင် စစ်ကောင်စီစစ်ကြောင်းက ကာပေါင်းကျကျေးရွာကို ရှစ်ကြိမ်မြောက် မီးရှို့ဖျက်ဆီး


တန့်ဆည် - ဇန်နဝါရီ ၂၊ ၂၀၂၂။ 

စစ်ကောင်စီစစ်ကြောင်းသည် တန့်ဆည်မြို့နယ်ရှိ ကာပေါင်းကျအရှေ့ရွာရှိ ဒေသခံပြည်သူများ၏ နေအိမ်များကို ယနေ့နံနက် ၁၀ နာရီခွဲခန့်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ 

စစ်သည်အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီစစ်ကြောင်းက ဒေသခံပြည်သူတို့၏ နေအိမ် ၈လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။ 

"ကာပေါင်းကျ အရှေ့ကုန်း နေအိမ်နဲ့  ဆန်စက် မီးရှို့ခံရ။ ခုချိန်ထိ ခန့်မှန်း ၈ လုံးလောက်ရှိမယ်။ မနေ့က တိုက်ပွဲဖြစ်တဲ့အဖွဲ့တွေပဲ တပ်စွဲပြီး မီးရှို့နေတာ" ဟုပြောသည်။

စစ်ကောင်စီစစ်ကြောင်းမှ မီးရှို့ဖျက်ဆီးခဲ့သည့် ကာပေါင်းကျကျေးရွာသည် အိမ်ခြေ ၇၀၀ ခန့်ရှိပြီး လူဦးရေ ၄၀၀၀ ခန့်နေထိုင်သော ကျေးရွာဖြစ်ကာ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာသည့် ယမန်နေ့တွင် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်သွားသည်ဟု သိရသည်။

စစ်ကောင်စီစစ်ကြောင်းများသည် ကာပေါင်းကျကျေးရွာကို ဩဂုတ်လမှစတင်ကာ ယခုချိန်ထိ ရှစ်ကြိမ်ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သည်။ 

ကာပေါင်းကျကျေးရွာနည်းတူ တန့်ဆည်မြို့နယ်၊ ကျီကုန်း(တောင်) ကျေးရွာကိုလည်း စက်တင်ဘာ ၂၃ ရက်‌နေ့က စစ်ကောင်စီစစ်ကြောင်းက စပါးတိုက်အပါအဝင် နေအိမ် ၁၆ လုံးကို နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး မြောက်အင်းကျေးရွာရှိ လူနေအိမ် ၆ လုံးကိုလည်း ဒီဇင်ဘာ ၂၆ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့သည်။


The 74 Media

တန့်ဆည်တွင် စစ်ကောင်စီစစ်ကြောင်းက ကာပေါင်းကျကျေးရွာကို ရှစ်ကြိမ်မြောက် မီးရှို့ဖျက်ဆီး တန့်ဆည်တွင် စစ်ကောင်စီစစ်ကြောင်းက ကာပေါင်းကျကျေးရွာကို ရှစ်ကြိမ်မြောက် မီးရှို့ဖျက်ဆီး Reviewed by THITHTOOLWIN on 00:37 Rating: 5

No comments:

Powered by Blogger.