"ယမန်နေ့က ဒုံဒစ်အုပ်စုတွင် မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် အထိနာခဲ့သော စစ်ကောင်စီတပ်ဖွဲ့များက ရိတ်သိမ်းထားသော ပြည်သူ့စပါးများကို မီးရှို့သွား"
31.12.2021(FRI) | 5:00 PM
ဒီဇင်ဘာ(၂၉)ရက်၊ ညနေပိုင်းက အရာတော်အရှေ့နယ် ဒုံဒစ်အုပ်စုတွင် စစ်ကောင်စီခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရရာ စစ်သား(၁၀)ဦးထက်မနည်း သေဆုံးခဲ့သည်။
အဆိုပါ စစ်ကောင်စီတပ်သားများက ပြန်လည်ပစ်ခတ်ရင်း ဒဏ်ရာရရှိသူများနှင့် သေဆုံးများကို သယ်ယူပြီး ဆုတ်ခွာနေစဉ် အနီးရှိ ဒေသခံစပါးခင်းများထဲတွင် ခြွေလှေ့ရန် ရိတ်သိမ်းစုပုံထားသော စပါးများကို မီးတင်ရှို့သွားခဲ့သည်။ အကျအဆုံးများသဖြင့် ကားလှမ်းခေါ်ကာ ဒဏ်ရာရများ၊ သေဆုံးများကို ပြန်သယ်နေစဉ် အကြောင်းမဲ့ ပြည်သူ့စားနပ်ရိက္ခာများကို ဖျက်ဆီးမီးရှို့သွားခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရသည့် နေရာတွင်လည်း ကျန်ရစ်ခဲ့သော သွေးစွန်းစစ်ဦးထုပ်များ၊ ဝါးလုံးနှစ်လုံးဖြင့် ဆင်ထားသော ယာယီလူနာတင်ထမ်းစင် စသည်တို့ကိုလည်း တွေ့ရှိရသည်ဟု သိရှိရသည်။
အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး
No comments:
Post a Comment