မန္တလေးတွင် စကစခန့် ရာအိမ်မှူးတစ်ဦး ယနေ့ မနက်ပိုင်း ပစ်သတ်ခံရ

MFP ၊ ဇန်နဝါရီ - ၁

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (ဆ)ရပ်ကွက်ရှိ စစ်ကောင်စီခန့် ရပ်ကွက်ရာအိမ်မှူးတစ်ဦး ယနေ့ မနက်ပိုင်းတွင် ကွမ်းဝယ်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရကာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးကြောင်း သတင်းရရှိသည်။

ယနေ့ ဇန်နဝါရီ(၁)ရက် မနက်(၇)နာရီခွဲဝန်းကျင်က ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ (၁၃၀)လမ်း၊ (၆၅)လမ်းနှင့် (၆၆)လမ်းကြား၊ ကွမ်းရွက်‌အရောင်းဆိုင်ရှေ့တွင် ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။

သေဆုံးသူသည် စစ်ကောင်စီခန့် ရပ်ကွက်ရာအိမ်မှူး အသက်(၄၀)ကျော်အရွယ် အမျိုးသား ဖြစ်ပြီး  ကွမ်းယာဝယ်နေစဉ် ဆိုင်ကယ်ဖြင့် ရောက်ရှိလာသော အမျိုးသား နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဦးခေါင်းထိမှန်ကာ နေရာတွင်ပင် သေဆုံးခြင်း ဖြစ်သည်ဟု ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီက ၄င်းတို့ကို ဆန့်ကျင်သူများကို ဥပဒေမဲ့ ထင်တိုင်းကျဲ အကြမ်းဖက် သတ်ဖြတ် ဖိနှိပ်နေသလို မန္တလေးရှိ စစ်ကောင်စီနှင့် ဆက်စပ်သူများ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီ လက်အောက်ခံ ရုံးများ၊ ဌာနများလည်း မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်ခံနေရသည်။

Mandalay Free Press - MFP

မန္တလေးတွင် စကစခန့် ရာအိမ်မှူးတစ်ဦး ယနေ့ မနက်ပိုင်း ပစ်သတ်ခံရ မန္တလေးတွင် စကစခန့် ရာအိမ်မှူးတစ်ဦး ယနေ့ မနက်ပိုင်း ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 09:56 Rating: 5

No comments:

Powered by Blogger.