သထုံမြို့နယ်က စစ်ရေးပိုလုပ်လာတဲ့ စစ်ကောင်စီနှင့် BGF တပ်ဖွဲ့တွေ KNLA ကြားဖြတ်တိုက်ခိုက်


ဒီဇင်ဘာလ ၃၁ ရက်နေ့ ၊ ၂၀၂၁

မွန်ပြည်နယ် ဘီးလင်းမြို့ဖက်မှထွက်ခွာလာတဲ့ စစ်ကောင်စီကား ၉ စီးပါယာဉ်တန်းကို သထုံမြို့နယ် ကရင်လေးဆိပ်နှင့်ကမာဆိုင်ရွာကြား ဇရပ်ကျွန်းရွာအနီးအရောက်မှာ KNLA တပ်မဟာ ၁ တပ်ရင်း ၂ နှင့် TPDF သထုံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဒီနေ့မနက် ၆ နာရီခွဲလောက်မှာ မိုင်းဆွဲတိုက်ခိုက်တာကြောင့် စစ်ကောင်စီယာဉ်တစ်စီးလုံးဝပျက်စီးသွားတယ်လို့ KNLA တပ်ရင်း၂ တပ်မှူးတစ်ဦးကပြောဆိုပါတယ်။

တိုက်ခိုက်မှုမှာ ထိခိုက်သေဆုံးမှုမသိရသေးပေမဲ့ ကားတစ်စီးလုံးပျက်စီးသွားတဲ့အတွက် ကားလိုက်ပါစီးနင်းလာသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြားသေဆုံးနိုင်တယ်လို့ သူကဆိုပါတယ်။ 

ထိုစစ်ကောင်စီယာဉ်တန်းသည် KNLA တပ်မဟာ ၆ အတွင်းရှိ လေးကေ့ကော်ဒေသသို့သွားသည့်စစ်ယာဉ်တန်းဖြစ်တယ်လို့ အဆိုပါတပ်မှူးကပြောပါတယ်။ 

ဒါ့အပြင် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာလည်း မွန်ပြည်နယ် သထုံမြို့နယ် ပိန္နဲတောစခန်းမှပြန်ဆင်းလာတဲ့စစ်ကောင်စီတပ်ဖွဲ့နှင့် BGF ပူးပေါင်းတပ်ဖွဲ့တို့ကို ထုံးဘိုကြီး ထုံးဘိုလေးနားရှိတံတားလေးတစ်နေရာမှာ KNLA တပ်ရင်း ၂ နှင့် TPDF သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းတပ်ဖွဲ့က နေ့လယ် ၁၁န ာရီကျော်မှာ မိုင်းဆွဲတိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရတယ်လို့ KNLA တပ်ရင်း ၂ တပ်မှူးတစ်ဦးကပြောပါတယ်။ 

ပြန်ဆင်းလာတဲ့အဖွဲ့သည် အင်အား ၁၀၀ ကျော်ရှိပြီးအများစုမှာ BGF တပ်ဖွဲ့ဝင်များဖြစ်ကြတယ်လို့ သူကဆိုပါတယ်။

"BGF တပ်ဖွဲ့ဝင်တွင်က ရှေ့ဆုံးမှာသွားရတာကြောင့် သူတို့ဘဲပိုထိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအနောက်မှာသွားတဲ့အတွက်ကြောင့် သိပ်ထိခိုက်မှုမရှိဘူး။ သေဆုံးတဲ့သူတို့တပ်ဖွဲ့ဝင်တွေကို ဝီရော်ရှိစစ်ကောင်စီတပ်စခန်းနားမှာ ဒီညနေမှာမြှုပ်လိုက်တယ်လို့" အဆိုပါ KNLA တပ်မှူးကပြောပါတယ်။

ယမန်နေ့မှာလည်း ဝီရော်စခန်းမှတက်သွားတဲ့စစ်ကောင်စီတပ်ဖွဲ့ကို ချောဘိနား နေရာအရောက်မှာ KNLA တပ်ရင်း၂ ပူးပေါင်းတပ်ဖွဲ့တို့က မနက် ၇ နာရီမှာပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNLA တပ်မှူးကပြောပါတယ်။ 

အောင်လေး၊ Salween Press 


သထုံမြို့နယ်က စစ်ရေးပိုလုပ်လာတဲ့ စစ်ကောင်စီနှင့် BGF တပ်ဖွဲ့တွေ KNLA ကြားဖြတ်တိုက်ခိုက် သထုံမြို့နယ်က စစ်ရေးပိုလုပ်လာတဲ့ စစ်ကောင်စီနှင့် BGF တပ်ဖွဲ့တွေ KNLA ကြားဖြတ်တိုက်ခိုက် Reviewed by THITHTOOLWIN on 03:38 Rating: 5

No comments:

Powered by Blogger.