ချင်းပြည်နယ်၊ တီးတိန်မြို့ စကောလမ်ရပ်ကွက်မှာနေထိုင်တဲ့ PDF-Zoland အဖွဲ့ရဲ့ တီးတိန်မြို့နယ်တာဝန်ခံ ဦးကျင်ရှန်ဆုမ် (၃၈)နှစ်ကို ဒီမနက် ဒီဇင်ဘာ ၅ ရက် မနက် ၄ နာရီလောက်တွင် ZRA တပ်သားနှစ်ယောက်က သေနတ်နဲ့ပစ်သတ်သွားတယ်လို့ သတင်းရရှိပါတယ်။
PDF-Zoland ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "မနေ့က ဦးကျင်ရှန်ဆုမ်နဲ့ မြန်မာပြည်ဆိုင်ရာ ZRA အကြီးအကဲ ဆရာပါမာန်တို့ ဖုန်းနဲ့စကားပြောကြတယ်။ သူတို့စခန်းကို လာခဲ့ပါလို့ဖိတ်တယ်။ ဒါပေမယ့် ဦးကျင်ရှန်ဆုမ်က ဂေါက်ရှိတော့မလာနိုင်ဘူးတဲ့။ ZRAဘက်က ကြောက်တယ်ဆိုရင် ပါစတာ ၂ ယောက်လောက်နဲ့အတူလာခဲ့ပါတဲ့။ ရာသီဥတုကလည်းအေးတော့မလာနိုင်ဘူးလို့ငြင်းလိုက်တယ်။ ဒါနဲ့ ဆရာပါမာန်က ဒီလောက်ဆိုရပြီ ကျနော်တို့လုပ်စရာရှိတာဆက်လုပ်မယ်တဲ့။ ဦးကျင်ရှန်ဆုမ်က တော်တော်စိတ်မကောင်းဘူး။ ဒါကြောင့် မနေ့ညကို သူ့အိမ်မှာမအိပ်ပဲ သူ့အမအိမ်အောက်ထပ်မှာသွားတာ။ ဒီမနက်ပိုင်းမှာ ZRA ၂ယောက်ကလာလုပ်ကြံသွားတယ်။ သူ့အမက မနက် ၄ နာရီလောက်မှာ ကျမ မောင်လေးကို ZRA တွေလာသတ်သွားတယ်ကူညီကြပါအုံးဆိုပြီး ဆွေမျိုးတွေကိုဖုန်းလိုက်ဆက်ပေမယ့် ညမထွက်ရအမိန့်ရှိလို့ ဘယ်သူမှချက်ချင်းမသွားနိုင်ကြဘူး" လို့ပြောပါတယ်။
Zalen
No comments:
Post a Comment