မှော်ဘီမြို့ရှိ ခမရ(၉၁)ဂိတ် ဗုံးဖြင့် တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား နှစ်ဦးသေ YLFဟု အသိပေး

ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ရှိ ခြေမြန်တပ်ရင်း ခမရ(၉၁)ဂိတ်အား ဗုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြ ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သည့် Yangon Liberation Force - YLF က ထုတ်ပြန်သည်။

ယနေ့(ဒီဇင်ဘာ ၂၆)နံနက် ၈ နာရီ ၄၅ ခန့်က ခမရ(၉၁)ဂိတ်အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"တိုက်ခိုက်မှုကြောင့် စစ်ခွေးနှစ်ဦးသေဆုံးကြောင်းသိရှိရပြီး မိမိတို့ပြောက်ကျားရဲဘော်များမှ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါသည်"ဟု YLF က ဆိုသည်။

ထို့အပြင် YLF မြို့ပြပြောက်ကျားတပ်အနေဖြင့် စစ်သား၊ ရဲနှင့် ၎င်းတို့၏ ထောက်တိုင်များအား ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

People's Spring 

မှော်ဘီမြို့ရှိ ခမရ(၉၁)ဂိတ် ဗုံးဖြင့် တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား နှစ်ဦးသေ YLFဟု အသိပေး မှော်ဘီမြို့ရှိ ခမရ(၉၁)ဂိတ် ဗုံးဖြင့် တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား နှစ်ဦးသေ YLFဟု အသိပေး Reviewed by THITHTOOLWIN on 20:06 Rating: 5

No comments:

Powered by Blogger.