ရန်ကုန်၊ သမိုင်လမ်းဆုံတွင် စစ်တပ်ဘန်ကာ ဗုံးခွဲတိုက်ခိုက်ခံရ ပြီးနောက် စစ်သားများရမ်းသမ်းပစ်၍ YBS ကားထိမှန်
HTY Information (ဒီဇင်ဘာ ၃၁ ရက်)
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံအနီး စီးတီးမတ်ရှေ့တွင် စစ်ကောင်စီတပ်သားများ၏ ဘန်ကာစခန်းတစ်ခု ယနေ့ ဒီဇင်ဘာ ၃၁ ရက်၊ မနက် ၁၁ နာရီဝန်းကျင်က ဗုံးခွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။
သဲအိတ်များဖြင့် ကာထားသော အဆိုပါဘန်ကာထဲတွင် လက်နက်ကိုင် အကြမ်းဖက်စစ်သား ၄ ယောက်စောင့်လေ့ရှိပြီး၊ ယနေ့မနက် တိုက်ခိုက်မှုတွင် စစ်သားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု မြို့နေပြည်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများမှ ရမ်းသမ်းပစ်ခတ်သဖြင့် မီးပွိုင့်အနီးရပ်နေသော ခရီးသည်များ စီးနင်းလာသည့် YBS တစ်စီး ထိမှန်ခဲ့ပြီး၊ ခရီးသည်များအထိအခိုက်မရှိဟု ကနဦးသတင်းအရ သိရှိရသည်။
HTY Information III
ရန်ကုန်၊ သမိုင်လမ်းဆုံတွင် စစ်တပ်ဘန်ကာ ဗုံးခွဲတိုက်ခိုက်ခံရ ပြီးနောက် စစ်သားများရမ်းသမ်းပစ်၍ YBS ကားထိမှန်
Reviewed by THITHTOOLWIN
on
22:36
Rating:
No comments:
Post a Comment