ဝမ်းတွင်မြို့နယ်ရှိ သတင်းပေးဒလန်တစ်ဦးကို WTRF ရှင်းလင်း


မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်ရှိ သတင်းပေးဒလန်ဆိုသူတစ်ဦးကို အဆုံးစီရင်၍ သုတ်သင်ရှင်းလင်းခဲ့ကြောင်း Wundwin Township Revolution Force - WTRF က ယနေ့(ဒီဇင်ဘာ ၁၁)ည ထုတ်ပြန်သည်။

"သေဒဏ်စာရင်းထဲက ဒလန်တစ်ကောင် ဝမ်းတွင်းမြို့နယ် မန်ကျည်းအုပ်ကျေးရွာ ပျူစောထီးသင်တန်း ဆင်း စကစ သတင်းပေး ဒလန်အောင်ဆန်းနိုင်အား ၁၁-၁၂-၂၀၂၁ တွင်   WTRFမှ အဆုံးစီရင်ပေးလိုက်သည်"ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီလက်ပါးစေသတင်း ပေးဒလန်များကြောင့် ပြီးခဲ့သည့် နိုင်ဝင်ဘာအတွင် အရပ်သားပြည်သူအများအပြားဖမ်းဆီးရသည်များရှိခဲ့ပြီး ကျေးရွာအချို့တွင်လည်း စစ်ကောင်စီတပ်များက ခြိမ်းခြောက်ဆဲဆိုရိုက်နှက်မှုများရှိခဲ့သည်။

ထို့ကြောင့် ပြီးခဲ့သည့် နိုင်ဝင်ဘာအတွင်း ​ဒေသကာကွယ်​ရေးတပ်ဖွဲ့များက သုတ်သင်ရှင်လင်းမှုများပြုလုပ်ခဲ့ရာ Non CDM ကျောင်းဆရာမတစ်ဦး၊ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးအပါအဝင်သုံးဦးကို အသီးသီး ရှင်းလင်းခဲ့သည်။

People's Spring 

ဝမ်းတွင်မြို့နယ်ရှိ သတင်းပေးဒလန်တစ်ဦးကို WTRF ရှင်းလင်း ဝမ်းတွင်မြို့နယ်ရှိ သတင်းပေးဒလန်တစ်ဦးကို WTRF ရှင်းလင်း Reviewed by THITHTOOLWIN on 21:11 Rating: 5

No comments:

Powered by Blogger.