စစ်ကောင်စီထောက်တိုင်တစ်ခုဖြစ်သည့် မြတ်မေတ္တာမွန်ဆီဆိုင်အား STA မီးရှို့ဖျက်ဆီး


ရန်ကုန်၊ ဒီဇင်ဘာ ၁၂ 

လှိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်ကြား ရွာမကွေ့ ရှိ စစ်ကောင်စီထောက်တိုင်တစ်ခုဖြစ်သော မြတ်မေတ္တာမွန် ဆီဆိုင်အား မီးရှို့ဖျက်ဆီးခဲ့သည်ဟု Special Task Agency of Burma (STA) က ထုတ်ပြန်သည်။

ယနေ့(ဒီဇင်ဘာ ၁၂ ရက်) နံနက် ၄ နာရီခန့်က မြတ်မေတ္တာမွန်ဆီဆိုင်ကို မီးရှို့ဖျက်စီးခဲ့ပြီး ဝန်ထမ်းများကို ဘေးလွတ်ရာသို့ အရင်ပြောင်းရွှေ့ရန် သတိပေးပစ်ဖောက်မှုတစ်ချက် နှင့် ဆီပန့်များအား သေနတ်ဖြင့် ပစ်ဖောက်မှု ခုနှစ်ချက် ပစ်ဖောက်ခဲ့ကြောင်း STA ကဆိုသည်။

စစ်ကောင်စီထောက်တိုင်အား ဖျက်ဆီးမှုတွင် ပါဝင်သော ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ဆိုင်ရှိ ဝန်ထမ်းများ ထိခိုက်မှုမရှိခဲ့ကြောင်းလည်း STA က အသိပေးသည်။

မြို့ပြစစ်သည်တော်များအဖြစ်ခံယူထားသည့် STA သည် စစ်ကောင်စီထောက်တိုင်များကို ဆက်လက်ဖြိုခွင်မည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုင်းပြည်၏ အချုပ်အခြာအာဏာကို ပြည်သူများလက်ထဲသို့ ပြန်လည်အပ်နှံနိုင်သည်အထိ တိုက်ပွဲဝင်သွားမည်ဟု လည်း STA က ဆိုသည်။

Lu Nge Khit

စစ်ကောင်စီထောက်တိုင်တစ်ခုဖြစ်သည့် မြတ်မေတ္တာမွန်ဆီဆိုင်အား STA မီးရှို့ဖျက်ဆီး စစ်ကောင်စီထောက်တိုင်တစ်ခုဖြစ်သည့်  မြတ်မေတ္တာမွန်ဆီဆိုင်အား STA မီးရှို့ဖျက်ဆီး Reviewed by THITHTOOLWIN on 09:38 Rating: 5

No comments:

Powered by Blogger.