အကူညီပေးရေးဝန်ထမ်းနှစ်ဦးကို စစ်​တပ်က သတ်ဖြတ်လိုက်ကြောင်း Save the Children အတည်ပြု

ဓာတ်ပုံ- ကယားပြည်နယ်တွင် စစ်တပ်က အကြမ်းဖက်ဖျက်ဆီးမီးရှို့ခဲ့သော မော်တော်ယဥ်များ။

ဒီဇင်ဘာလ ၂၄ရက်နေ့က မြန်မာနိုင်ငံအရှေ့ခြမ်း၊ ကယားပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် မြန်မာစစ်တပ်၏  အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဥ်တွင် ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ပြည်သူ ၃၅ ဦးထက်မနည်း အသက်သေဆုံးခဲ့ရပြီး Save the Children၏ ဝန်ထမ်းနှစ်ဦးလည်း ပါဝင်ခဲ့ကြောင်း ယနေ့တွင် အတည်ပြုခဲ့သည်။

စစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်ခံလိုက်ရသော ဝန်ထမ်းနှစ်ဦးသည် အသက် ၃၂နှစ်အရွယ်နှင့် အသက် ၂၈နှစ်အရွယ်များ ဖြစ်ကြကာ မကြာသေးမီကမှ မွေးဖွားလာသည့် ကလေးငယ်များ၏ ဖခင်များလည်း ဖြစ်ကြသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဝန်ထမ်းနှစ်ဦး၏ ကိုယ်ရေးအချက်အလက်အသေးစိတ်ကို လုံခြုံရေးအရဖော်ပြမည်မဟုတ်သော်လည်း ၄င်းတို့သည်

ကလေးသူငယ်များ၏ ပညာရေးတိုးတက်ဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်သူများဖြစ်သလို အဖွဲ့အစည်းတွင် နှစ်နှစ်ခန့်နှင့် ခြောက်နှစ်ခန့် အတူလက်တွဲ ဆောင်ရွက်ခဲ့သူများ ဖြစ်ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးသည် အနီးအနားရှိ ရပ်ရွာများတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်အပြီး တာဝန်ထမ်းဆောင်ရာရုံးသို့ပြန်စဉ် ယင်း အဖြစ်အပျက်နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရကာ ယင်းဖြစ်စဉ်အတွင်း စစ်တပ်သည် ပြည်သူများအား အဓမ္မ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းနှင့် မီးရှို့ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု သတင်းများ ဖော်ပြချက်အရ ကြားသိခဲ့ရသည်ဟု Save the Children က ပြောသည်။

အဆိုပါဝန်ထမ်းနှစ်ဦးတွင် ၁၀ လအရွယ် သားယောက်ကျာ်းလေးနှင့် သုံးလသားအရွယ် သမီးငယ်တို့ ကျန်ရှိနေခဲ့ပြီး ထိခိုက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုဝင်များအတွက် လိုအပ်လျက်ရှိသော ကူညီပံ့ပိုးမှုများရရှိစေရန် ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။

ထို့အပြင် ယခုကဲ့သို့ဖြစ်ရပ်သည် ယခုတစ်ကြိမ်တည်းဖြစ်ပွားခြင်း မဟုတ်ဘဲ  မြန်မာနိုင်ငံရှိ ပြည်သူများသည် တိုးမြင့်လာသော ဆိုးရွားစွာအကြမ်းဖက်မှုများတွင် ဆက်လက် ပစ်မှတ်ထားခံနေရပြီး  ယင်းဖြစ်ရပ်များသည် ချက်ချင်းတုံ့ပြန်ဆောင်ရွက်ရန် လိုအပ်နေသည်ဟု Save the Children ကထောက်ပြပြောဆိုခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ကျူးလွန်သူများအား အရေးယူရန် လုပ်ဆောင်ရမည့် အဆင့်များကို အမြန်ဆုံးစီစဉ်ဆောင်ရွက်ပြီးအဖွဲ့ဝင်နိုင်ငံများသည် လက်နက်ရောင်းဝယ်ခြင်းကို ပိတ်ဆို့မှုများ သတ်မှတ်ဆောင်ရွက်ခြင်း အထူးသဖြင့် မကြာသေးမီက ဖြစ်ပွားခဲ့သော လေကြောင်း တိုက်ခိုက်မှုများထပ်မံမဖြစ်ပွားစေရန် တားဆီးဟန့်ထားမှုများကို အထူး အလေးပေး လုပ်ဆောင်ရမည်ဖြစ်ကာ အာဆီယံအနေဖြင့်လည်း ပြီးခဲ့သည့်ဧပြီလက သဘောတူဆုံးဖြတ်ခဲ့သည့် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် အာဆီယံအထူးသံတမန်အနေဖြင့် သံတမန်ရေးရာနည်းဖြင့် ကြားဝင်ဖြေရှင်းပေးရေးအပါအဝင် သဘောတူညီချက် အချက်ငါးချက် ကို ပြန်လည်သုံးသပ်ရန်နှင့် အရေးယူ ဆောင်ရွက်ရန် အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပရမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိခဲ့သည်။


Hlegu Luumhu Platform

အကူညီပေးရေးဝန်ထမ်းနှစ်ဦးကို စစ်​တပ်က သတ်ဖြတ်လိုက်ကြောင်း Save the Children အတည်ပြု အကူညီပေးရေးဝန်ထမ်းနှစ်ဦးကို စစ်​တပ်က သတ်ဖြတ်လိုက်ကြောင်း Save the Children အတည်ပြု Reviewed by THITHTOOLWIN on 01:20 Rating: 5

No comments:

Powered by Blogger.