ပြည်မြို့ ရွှေမင်းသမီးဟိုတယ်ကားပါကင် ကို (PUGF) ကဖောက်ခွဲ

ပြည်၊ ဒီဇင်ဘာ ၂၆၊ ၂၀၂၁။

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွှေမင်းသမီးဟိုတယ် ကားပါကင် ကို ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း ပြည့်မြို့နယ်ပြည့်သူကာကွယ်ရေးအဖွဲ့(PYAY PDF) ကထုတ်ပြန်ထားသည်။

ပေါက်ကွဲမှုမှာ ဒီဇင်ဘာ ၂၆ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်ခန့်က ဖြစ်ပြီး ထိခိုက်ဆုံးရှုံးမှုအခြေနေကို မသိရကြောင်း မြို့ခံများက ပြောသည်။

"ပေါက်တုန်းကတော့ ကားဘီးပေါက်တာလိုလို ဘာလိုလို ဖြစ်နေကြသေးတယ်။ သိပ်မကြာဘူး စစ်ကောင်စီတပ်သားတွေ လာစစ်ကြတာတွေ့တာ။ အဲနားက လမ်းသွယ်လေးတခုထဲကိုလည်း ဝင်ရှာ၊ အိမ်တချို့ကိုလည်း စစ်နေတယ်။ မြောင်းတွေကားတွေထဲလည်းလိုက်ရှာနေတယ်။" ဟု မြို့ခံတဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီး မြို့အထွက်နှင့် လမ်းမကြီးများတွင် စစ်ဆေးမှုများ တင်းကျပ်နေပြီး အချို့နေရာများကို လမ်းများပိတ်ထားလိုက်ပြီဖြစ်ကြောင်း မြို့ခံများထံကသိရသည်။

ယင်းသို့လက်ပစ်ဗုံးဖြင့်ဖောက်ခွဲမှုကို ပြည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၏ တပ်ခွဲတခုဖြစ်သော (PUGF) ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဖက်ဆိုင်ရာ အရာရှိများ အရပ်ဖက်အုပ်ချုပ်ရေး ယန္တရားမှ ဒေါက်တိုင်များ တွေ့ဆုံကာ ညစာစားပွဲများနေ့စဥ် ပြုလုပ် နေခြင်းမှာ နေ့စဥ် နှင့်အမျှ သေဆုံးနေကြသည့် အပြစ်မဲ့ပြည်သူများ အပေါ် ထီမထင်သည့်လုပ်ရပ် ဖြစ်နေပြီး နောက်နောင် မပြုလုပ်ရန် သတိပေးဖောက်ခွဲခြင်းဖြစ်ကြောင်း ရေးသားထားသည်။

မြေလတ်အသံ - Myaelatt Athan 

ပြည်မြို့ ရွှေမင်းသမီးဟိုတယ်ကားပါကင် ကို (PUGF) ကဖောက်ခွဲ ပြည်မြို့ ရွှေမင်းသမီးဟိုတယ်ကားပါကင် ကို (PUGF) ကဖောက်ခွဲ Reviewed by THITHTOOLWIN on 21:48 Rating: 5

No comments:

Powered by Blogger.