မြိုင်၊ ဒီဇင်ဘာ ၁၁၊ ၂၀၂၁။
မကွေးတိုင်း၊ မြိုင်မြို့နယ် အတွင်းရှိ စက်မှု(၂) သို့ ရေပို့နေသော ရေစက်များကို ဒီဇင်ဘာလ ၁၁ရက်နေ့က People Revolution Army (PRA) ပြည်သူ့တော်လှန်ရေးတပ်မတော်၊ တပ်ခွဲ (၁၆) မှ မီးရှို့ဖျက်ဆီးပစ်ခဲ့ကြောင်း PRA မှ ဗိုလ်ဂျပန်က မြေလတ်အသံသို့ပြောပါတယ်။
"မနက် ၁၀ နာရီလောက်ကချတာခင်ဗျ၊ ပျက်ဆီးမှုကတော့ ကျနော်တို့ မိုင်းခွဲတာတော့မရှိဘူး၊ ဒီအတိုင်း ဓါတ်ဆီလောင်းတယ်၊ မီးရှို့တယ်ပေါ့၊ သူတို့စက်မှု ၂ ထဲမှာက စစ်ကောင်စီအင်အား ၄၀ လောက်ရှိတယ်လို့ကြားတယ်ပေါ့၊ အဲဒီထဲမှာ တပ်မိသားစုတွေလဲရှိတယ်၊ အဲဒါနဲ့ ကျတော်တို့တော်လှန်ရေးမိသားစုတွေများပြားလာချိန်မှာ သူတို့ဖြတ် ၄ ဖြတ်မစခင် ကျနော်တို့က စလုပ်တာပေါ့ဗျ၊ အဲဒီအတွက်စစ်ကောင်စီဒေါက်တိုင်မှန်သမျှကို လက်လှမ်းမှီသမျှလုပ်တယ်။" ဟု ၎င်းကပြောပါတယ်။
ယင်း စက်မှု ၂ တွင် စစ်သားမိသားစုများအပြင် Non CDM သမားများလည်း နေထိုင်ကြကြောင်း သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment