စစ်ကိုင်းတိုင်း ချောင်းဦး-အမြင့်လမ်းပိုင်းကို ယနေ့ညမှစတင်ပြီး နောက်ထပ်ကြေညာချက်တစ်စုံတစ်ရာ မထုတ်ပြန်မီအချိန်ထိ ည ၈နာရီမှ နံနက် ၄နာရီအတွင်း ဖြတ်သန်းသွားလာခြင်း လုံးဝ(လုံးဝ) မပြုလုပ်ပါရန် တားမြစ်ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးကြေညာသည်။
ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ယနေ့(ဒီဇင်ဘာလ ၂၃ ရက်)တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဆိုပါကြေညာချက်တွင် ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင်များသည် ညဥ့်အချိန်မတော်တွင် ကားအမျိုးမျိုးနှင့် ဆိုင်ကယ်များကိုအသုံးပြု၍ ပြည်သူ လူထု၏ စည်းစိမ်ဥစ္စာများကို လုယက်ခြင်း၊ပြည်သူ လူထုကို အကြမ်းဖက်နှိပ်စက်ခြင်း၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်သူများကို ဖမ်းဆီးနှိပ်စက်ခြင်းစသော အကြမ်းဖက်လုပ်ရက်များ ကျူးလွန်လျက်ရှိကြောင်း ရေးသားထားသည်။
သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် ချောင်းဦး-အမြင့်လမ်းပိုင်းကို ဒီဇင်ဘာ ၂၃ ရက်မှစပြီး နောက်ထပ်ကြေညာချက်တစ်စုံတစ်ရာ မထုတ်ပြန်မီအချိန်ထိ ည ၈ နာရီမှ နံနက် ၄ နာရီအတွင်း ဖြတ်သန်းသွားလာခြင်း လုံးဝ(လုံးဝ) မပြုလုပ်ပါရန်တားမြစ်ကြောင်း ချောင်းဦး PDFက အသိပေးသည်။
ယခုတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ဖောက်ဖျက်သူများ၏ လုံခြုံရေးကို အာမမခံပါကြောင်းနှင့်အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင်များအဖြစ် သက်မှတ်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။
People's Spring
No comments:
Post a Comment