စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ရွှေရာသစ်ရွာက ကြက်ဝိုင်းအား မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ထီးချိုင့် PDF)ကဝင်ရောက် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းထီးချိုင့် PDFက အသိပေးသည်။
ယမန်နေ့ (ဒီဇင်ဘာလ ၂၁ရက်)တွင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ရွှေရာသစ်ကျေးရွာတွင် လောင်းကစားနေသော ကြက်ဝိုင်းများအား ဝင်ရောက်ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း၊ ဆိုင်ကယ် အစီး၂ဝ၊ ကြက်ဖ ၆ ကောင်၊ဖုန်း၁၂ လုံး၊ငွေသား ၁,၁၀၀,၀၀၀(တစ်ဆယ့်တစ်သိန်းကျပ်)တို့အားဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ HPDF မှ ထုတ်ပြန်သည်။
ကြက်ဝိုင်း လောင်းကစား ဒိုင်များနှင့်ရွာသူရွာသားများကိုလည်း နောက်နောင်တွင်လောင်းကစား ဝိုင်းများ မပြုလုပ်ကြပါရန် သတိပေးပြောကြားခဲ့သည်။ ထီးချိုင့်မြို့နယ် တောင်ပိုင်း အတွင်းလောင်းကစားဝိုင်းများနှင့်မူးယစ်ဆေးဝါးများအား ရောင်းချ လုပ်ကိုင်ခြင်းများအား ပြင်းထန်စွာကိုင်တွယ်မည်ဖြစ်ကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF -Htee Phyu)ကသတိပေးထားသည်။
အကြမ်းဖက်စစ်ကောင်စီကို လိုင်းကြေးပေးရသော လောင်ကစားဝိုင်းများမပြုလုပ်ရန် စစ်ကိုင်းတိုင်းရှိမြို့နယ် အများစုတွင် PDFက ကြေညာချက်ထုတ်ပြန်တားမြစ်ထားသည်။
People's Spring
(လောင်းကစားဝိုင်းမှဖမ်းမိသော ပစ္စည်းများ)
No comments:
Post a Comment