လေကြောင်း တိုက်ခိုက်မှုကြောင့် PDfတပ်သား သုံးယောက်ကျဆုံး



ဒီဇင်ဘာ၂၅၊၂၀၂၁ 

ဒီနေ့ လေးကေ့ကော်တိုက်ပွဲမှာ  စစ်ကောင်စီက လေကြာင်းကနေ  တိုက်ခိုက်ခဲ့ပြီး  PDFတပ်သား သုံးယောက်ကျဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။ 

တိုက်ပွဲကျသွားတာ ကိုမှိုင်း၊ ကိုရဲထက် နဲ့ ကျုံဒိုး ဆိုပြီး  သတင်းတွေထွက်လာပေမယ့် နောက်ဆုံးရရှိတဲ့သတင်းအရ ကိုမိုင်း မကျသေးဘူးလို့လဲ သိရပါတယ်။

"ခုနကမှ အကိုတ‌‌ယောက်၊ ညီတ‌ယောက်ကျသွား လို့ဝမ်းနည်း‌နေတာကွာ ။ ခုမင်းပါပါတာလားကွာကျုံဒိုးရာ။ မင်းပြောတော့ ဆရာနဲ့အတူတိုက်ပွဲဝင်မယ်ဆို။  မင်းထွက်သွားတာအရမ်းစောတယ်။  မင်းတာဝန်ကျေပါတယ်ကွာ RIP ပါကျုံဒိုးရာ လို့ PDF တပ်ဖွဲ့က သင်တန်းဆရာတစ်ယောက်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာ ကနေ အတည်ပြု‌ထားပါတယ်။"

 ဒီနေ့လေးကော်တိုက်ပွဲမှာ PDF ဘက်က အောက်ပါ ၄ယောက်ကျဆုံးတယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာလေ့လာရေးမှတ်တမ်းဌာန ထုတ်ပြန်ထားပေမယ့် ကိုမိုင်း သတင်းကိုတော့ ထပ်အတည်ပြုဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ 

၁။ ကိုဝေလင်း(ဧရာဝတီတိုင်း)

၂။ကိုအောင်မျိုးဇင်( ခ )ကိုကျုံဒိုး(ဧရာဝတီတိုင်း သာပေါင်းမြို့)

၃။ကိုမိုင်း (‌ဒဏ်ရာ အပြင်းအထန်ရပေမယ့် မသေသေးဘူးလို့သိရ) 

၄။ကိုရဲထက်( ဓနုဖြူ )

Burma VJ 

လေကြောင်း တိုက်ခိုက်မှုကြောင့် PDfတပ်သား သုံးယောက်ကျဆုံး လေကြောင်း တိုက်ခိုက်မှုကြောင့် PDfတပ်သား သုံးယောက်ကျဆုံး Reviewed by THITHTOOLWIN on 22:51 Rating: 5

No comments:

Powered by Blogger.