ပင်လည်ဘူးတွင် စကစများကို ပင်လည်ဘူး PDF က လက်နက်ကြီးဖြင့် ထုကာ ပစ်ခတ်တိုက်ခိုက်၊စကစ (၂၀)ခန့် သေမည်ဟု ခန့်မှန်း
MFP ၊ ဒီဇင်ဘာ - ၁၄
စစ်ကိုင်းတိုင်း ပင်လည်ဘူးတွင် လမ်းပေါ် သွားလာနေသော စစ်ကောင်စီ လက်နက်ကိုင်များကို ယနေ့ နေ့လည်ပိုင်းတွင် ပင်လည်ဘူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF က လက်နက်ကြီးဖြင့် ထု၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လက်နက်ကိုင် (၂၀)ခန့် သေမည်ဟု ခန့်မှန်းကြောင်း ဒေသတွင်း တော်လှန်ရေး အင်အားစုဖြစ်သော Pinlebu Revolution – PR အဖွဲ့က MFP သို့ ပြောသည်။
ယနေ့ ဒီဇင်ဘာ(၁၄)ရက် နေ့လည်(၁)နာရီဝန်းကျင်က ပင်လည်ဘူးနှင့် ကောလင်းမြို့နယ်ကြား တောင်မကြီး လမ်းကြောတွင် ကားရော ခြေလျှင်ဖြင့်ပါ သွားလာနေသော စစ်ကောင်စီ လက်နက်ကိုင်များကို ပင်လည်ဘူး PPDF က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
"လက်နက်ကြီးနဲ့ ချိန်ထုတာပါ။ ကားတန်းကိုရော၊ ခြေလျင်တွေရော ပါပါတယ်။ တိုက်ခိုက်တာ ပင်လည်ဘူး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ပါပဲ။ စခ ၂၀ ဝန်းကျင် ဒီကောင်တွေ သေတယ်" ဟု Pinlebu Revolution – PR အဖွဲ့က MFP သို့ ပြောသည်။
ပင်လည်ဘူးမြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီ လက်နက်ကိုင်များသည် ယနေ့ မနက်(၉)နာရီဝန်းကျင်တွင် (၁၂)ဘီးကားတစ်စီး၊ လိုက်ထရပ် တစ်စီးနှင့် ခြင်းကြားများ လွယ်ထားသော ခြေလျှင်များဖြင့်ပါ ပင်လည်ဘူး - ကောလင်း လမ်းအတိုင်း ထွက်သွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုနှင့် စကစများ သေဆုံးမှုနှင့် ပတ်သက်၍ MFP အနေဖြင့် အသေးစိတ် အခြေအနေများ မသိရသေးပါ။
ဒီဇင်ဘာ(၇)ရက်ကလည်း ပင်လည်ဘူးမြို့အတွင်း လှည့်လည်မွှေနှောက်နေသော စစ်ကောင်စီ လက်နက်ကိုင်များကို ပင်လည်ဘူး PPDF က ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
Mandalay Free Press - MFP
No comments:
Post a Comment