မြင်းခြံ ၊ဒီဇင်ဘာ ၄၊ ၂၀၂၁။
မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်၊ ဘုရားကြီးကျေးရွာမှာ စစ်ကောင်စီကို ငွေပေးပြီးလုပ်နေတဲ့လောင်းကစားဝိုင်းကို ဒီဇင်ဘာ ၄ရက် ဒီနေ့မှာ သေနတ် ပစ်ဖောက်ပြီး သတိပေးခဲ့တယ်လို့ 27 Revolution Forces ရဲ့တာဝန်ရှိသူကပြောပါတယ်။
" လောင်းကစားဝိုင်းလုပ်နေလို့သတင်းပေးလို့သွားပြီး သေနတ်ခြောက်ချက်ပစ်တာပါ။ သိမ်းသင့်တာတွေသိမ်းပြီး လူတော့ပြန်လွှတ်လိုက်တယ်၊ " လို့ သူကပြောပါတယ်။
အဲ့ဒိကစားဝိုင်းအတွင်းက ငွေသား နှစ်သိန်းရှစ်သောင်းကိုသိမ်းဆည်းရမိပြီး အခြားတွေ့ရှိတဲ့ဘီယာဘူးနဲ့ အရက်ဘူးတွေကိုတော့ ဖျက်ဆီးပစ်လိုက်တယ်လို့ 27 Revolution Forcesမှတာဝန်ခံကဆက်ပြောပါတယ်။
ဒီသတိပေးပစ်ခတ်မှုကို 27Revolution Forcesဦးဆောင်ပြီး Natogyi Regional PDFနဲ့ Natogyi People Defence Force တို့ကလုပ်ဆောင်ခဲ့တာဖြစ်ပြီး သတိပေးတဲ့အနေနဲ့သာ ပစ်ဖောက်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူနဲသေဆုံးသူမရှိဘူးလို့လည်းသိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment