ရွှေမျှောမော်တော်များအား မကြာခဏ ခြိမ်းခြောက်၍ ငွေကြေးတောင်းခံလျှက်ရှိသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးအနက် တစ်ဦးအား မြို့လှ PDF အဖွဲ့မှ ဗန်မော်မြို့နယ် သဖန်းပင်ရွာအနီးတွင် ယနေ့ ဒီဇင်ဘာ ၂၄ ရက် နေ့လည် ၁:၃၀ နာရီခန့်၌ ဖမ်းဆီးရမိခဲ့သည်ဟု မြို့လှ PDF က ထုတ်ပြန်ထားသည်။
ထိုဖမ်းဆီးရမိသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်သည် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တပ်ကြပ်ကြီးအဆင့်ရှိသူ ဖြစ်ပြီး ကိုယ်ပိုင်အမှတ် မ-၅၉၁၀ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်တွင်နေထိုင်သူ ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးစဥ် ပြန်လည်ခုခံ ထွက်ပြေးရန် ကြိုးစားရာမှ ရှင်းလင်းခဲ့ရကြောင်း သိရသည်။
အဆိုပါ တပ်ကြပ်ကြီးအဆင့်ရှိသူ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်သည် ဗန်းမော်ခရိုင်တွင်းရှိ ကောင်းဆင့်၊ ရေလဲ၊ နန့်သလင်း၊ ပါပေါင်း၊ မြစေတီ စတဲ့ရွာများသို့ ဒီဇင်ဘာ ၂၂ ရက် တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား ၆၀ ခန့်ဖြင့် ချီတက်လာရာ စစ်ကြောင်းတွင် ပါလာသူဖြစ်ကြောင်းလည်း သိရသည်။
သံလွင်ခက် - Than Lwin Khet News
No comments:
Post a Comment