ပုလဲမြို့နယ်အတွင်းဝင်လာသော စကစယာဉ်တန်းအား ဒေသခံ PDF များက နည်းပညာသုံး၍ ဝေဟင်မှဗုံးကျဲတိုက်ခိုက်၊ စကစတပ်သား (၁၄) ဦးသေဆုံး (၇) ဦးဒဏ်ရာပြင်းထန်
ဒီဇင်ဘာ ၃၀
ပုလဲမြို့နယ်တွင် အောင်ဆန်းတပ်ဖွဲ့ ASF-MPDF နှင့် မဟာမိတ် ပုံတောင်တိုက်ဂါးတပ်ဖွဲ့မှ စကစတပ်များအား နည်းပညာသုံး၍ ဝေဟင်မှဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ၂ ရက်အတွင်း စကစတပ်သား (၁၄) ဦးသေဆုံး၍ (၇) ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဂန့်ဂေါဘက်မှ ပုလဲမြို့နယ် ကန့်ဒေါင့်သို့ ဆင်းလာသော အင်အား (၁၅၀) ခန့်ပါ စကစယာဉ်တန်းအား ကြိုရန်လာသော ကန့်ဒေါင့်ရဲစခန်းမှ စကစတပ်သားများအား ကန့်ဒေါင့်ရွာအနောက်ဘက် သစ်တောရုံးအနီးအရောက်တွင်တစ်ကြိမ်၊ နဂါးမတောင်မှ စတင်ထွက်ခွာလာသော စကစယာဉ်တန်းအား ဝမ်းဘဲချိုင့်ရွာအနီးတစ်ကြိမ်၊ ညနေပိုင်းတွင် သစ်တောရုံးအနီးအရောက်တစ်ကြိမ်၊ စုစုပေါင်း (၃) ကြိမ် ဝေဟင်မှ ဗုံးကျဲတိုက်ခိုက်ခဲ့ကြကြောင်းသိရသည်။
ထိုသို့ ဝေဟင်တိုက်ခိုက်မှုကြောင့် စကစတပ်သား (၆) ဦးသေဆုံး၍ အများအပြားဒဏ်ရာရရှိသည့်အပြင် ပုံတောင်တိုက်ဂါးအဖွဲ့မှ ယင်းစကစယာဉ်တန်းအား တစ်ပြိုင်နက် ဗုံးခွဲတိုက်ခိုက်ခဲ့သောကြောင့် စကစတပ်သား (၅) ဦးထပ်မံသေဆုံးသွားကြောင်း ASF-MPDF ကထုတ်ပြန်သည်။
ထို့အပြင်ယမန်နေ့က လေကြောင်သုံးတိုက်ခိုက်မှုတွင်လည်း စစ်ကောင်စီတပ်သား (၃) ဦးသေဆုံး၍ (၇) ဦးခန့်အပြင်းအထန်ဒဏ်ရာရရှိသွားပြီး သေဆုံးသွားသော တပ်သား (၃) ဦးအား လမ်းဘေးတွင် မီးသဂြိုလ်သွားကြောင်း သိရသည်။
PDF Newsflash
No comments:
Post a Comment