အကြမ်းဖက်စစ်ကောင်စီတပ်ကို လက်နက်ကိုင်ခုခံတိုက်ပွဲဝင်နေသည့် ကျွန်းလှမြို့ခံသားအဖနှစ်ဦးအနက် တစ်ဦးကို စစ်ကောင်စီက သတ်ဖြတ်လိုက်ပြီး တစ်ဦးကိုဖမ်းဆီးသွားသည်။
ကျွန်းလှမြို့၊ ကန်ဇွန်းအင်းကျေးရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၂ ရက်တွင်လေကြောင့်မှ တိုက်ခိုက်ခဲ့ပြီး အဆိုပါနေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်သားအဖ နှစ်ဦးမှ ဖခင်ဖြစ်သူကျဆုံးကာ သားဖြစ်သူဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ကျွန်းလှ ပြည်သူကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။
"သားအဖနှစ်ယောက်စလုံး PDFထဲ ဝင်ပြီး စစ်ကောင်စီကို တော်လှန်တာ။ အဖေက စစ်တပ်ကပစ်တဲ့ သေနတ်ကျည်ထိမှန်သေဆုံးခဲ့ပြီး သားကို ဖမ်းသွားတယ်" ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
သေဆုံးသူသည် ဗေထိဟုလူသိများသည့် အသက် ၄၀ အရွယ်ခန့်အမျိုးသားဖြစ်ပြီး ၄င်း၏ သားဖြစ်သူ သတင်းနောက်ဆက်တွဲကိုမူ မကြားသိရသေးကြောင်း ကျွန်းလှဒေသခံများကပြောသည်။
ကျွန်းလှမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အကောင်းဆုံးခုခံကာကွယ်နေပြီး စစ်ကောင်စီတပ်များ သေဆုံးထိ့ခိုက်မှု များပြားလာပြီးနောက် စစ်ကောင်စီတပ်က လေယာဥ်များအသုံးပြုတိုက်ခိုက်နေခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်းသည် အကြမ်းဖက်စစ်ကောင်စီတပ်အား လက်နက်ကိုင်တော်လှန်ရေးတွင် တစ်တိုင်းလုံးအားကောင်းသောတိုင်းဖြစ်သည်။ စစ်ကောင်စီက လေကြောင်းအသုံးပြု၍ မကြာခဏတိုက်ခိုက်ခံနေရသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပျောက်ကြားစစ်ရေးနည်းဖြင့်ခုခံတိုက်ပွဲဝင်နေကာ လက်နက်ရရှိရေး လူထုက ကူညီရန် တောင်းဆိုထားသည်။ စစ်ကိုင်းတိုင်းတွင်စစ်အာဏာရှင်ပြုတ်ကျရေးလူထုသပိတ်များလည်း နေ့စဥ် ပြုလုပ်နေသည်။
People's Spring
No comments:
Post a Comment