မြို့လှ PDF အဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွား စစ်ကောင်စီဘက်မှ ၁၄ ဦးထက်မနည်း သေဆုံ


ရွှေကူမြို့နယ်၊သာယာကုန်းရွာ လုပ်တိုင်းချောင်းကူးတံတား အနီး  မြို့လှ PDF အဖွဲ့နှင့် ‌စစ်ကောင်စီတပ်တို့ အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၁၅ဦး ထက်မနည်း သေဆုံးကြောင်း မြို့လှ PDF က ထုတ်ပြန်ထားသည်။

" တိုက်ပွဲဖြစ်တာတော့ ၁၅မိနစ်လောက်ပါဘဲ သူတို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ၄,၅ချက်လောက် ပြန်ပစ်တယ်။ ဒါပေမယ့် ဒီဘက်က အထိအခိုက်မရှိပါဘူး " ဟု နီးစပ်သူတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၉ရက်ည ရွှေကူမြို့နယ်၊ မင်းကျောင်းကုန်းရွာ အထက် ဂျိုအင်းတွင် ဝင်ရောက်နေထိုင်သည့် စစ်ကောင်စီတပ်သည် ယနေ့နံနက် အုတ်ချီဖက်ရွာမှတဆင့် သာယာကုန်းရွာဖက်သို့ ဆက်လက်ထွက်ခွာလာရာ လုပ်တိုင်းချောင်းကူးတံတားအရောက်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဉီးကပြောသည်။

ယင်းသို့ မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်၏ အင်အား (၇၈) ဦးခန့် ပါဝင်တဲ့ခြေလျင် စစ်ကြောင်း တပ်ဖွဲ့ တပ်မ ( ၈၈ ) လက်အောက်ခံ ခ.လ.ရ တပ်ရင်း (၄၁၆)မှ (၁၅) ဦးထက်မနည်း ကျဆုံးကာ အမြောက်အများ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

 မြို့လှ PDF ကပြောသည်။မြို့လှ PDF အဖွဲ့မှ တစ်ဦးတစ်မျှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း သိရသည်။


Kachin News Group 

မြို့လှ PDF အဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွား စစ်ကောင်စီဘက်မှ ၁၄ ဦးထက်မနည်း သေဆုံ မြို့လှ PDF အဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွား စစ်ကောင်စီဘက်မှ ၁၄ ဦးထက်မနည်း သေဆုံ Reviewed by THITHTOOLWIN on 00:18 Rating: 5

No comments:

Powered by Blogger.