ပျူစောထီးခေါင်းဆောင်ကို ပြည်သူများ၏ မေတ္တာပို့မှုဖြင့် ပြစ်ဒဏ်စီရင်လိုက်ကြောင်း လှည်းကူးPDF ထုတ်ပြန်
ရန်ကုန်၊ လှည်းကူးမြို့နယ်က ဒေသပျူစောထီးခေါင်းဆောင်ဟုသတ်မှတ်ခံထားရသူ ဦးအောင်ကြည်သိန်း(ခ)စောဖိုးခွားကို ယနေ့ ဒီဇင်ဘာ ၂၂ရက်နေ့၊ညနေ၅နာရီခန့်က ပြစ်ဒဏ်စီရင်လိုက်ခြင်းသည် ၄င်းတို့လက်ချက်ဖြစ်ကြောင်း လှည်းကူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်စာတွင် ဦးအောင်ကြည်သိန်းသည် စစ်ကောင်စီနှင့်ပူးပေါင်း၍ လှည်းကူးမြို့ရှိပြည်သူများကို အနိုင်ကျင့်ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ လောင်းကစားဝိုင်းများကျင်းပကာ အခွန်ကောက်ခြင်း၊ ပြည်သူများကိုငွေညှစ်ဖမ်းဆီးခြင်းတို့ကြောင့် ပြည်သူများ၏ မေတ္တာဖြင့် ပြစ်ဒဏ်စီရင်လိုက်ကြောင်း ဆိုသည်။
ထို့အပြင် ဆက်လက်၍ ပြစ်ဒဏ်စီရင်ရန်ကျန်ရှိနေသေးသည့် ပျူစောထီးအဖွဲ့ဝင် ရှစ်ဦး၏ အမည်ကိုလည်း ပူးတွဲထုတ်ပြန်ခဲ့သည်။
ယနေ့တွင် ဦးအောင်ကြည်သိန်း (ခ) စောဖိုးခွားသည် ၄င်း၏သားဖြစ်သူနှင့်အတူ ကြက်ဝိုင်းမှ ဆိုင်ကယ်ဖြင့်ပြန်လာစဥ် ကျွန်းကလေးကျေးရွာ၊ အာဇီဝမှတ်တိုင်အနီးတွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါဖြစ်စဥ်တွင် ၄င်း၏ သားဖြစ်သူ ရဲဇော်ဦးသည် အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး ၄င်းမှာ ဆေးရုံတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများမှ အတည်ပြုသည်။
Hlegu Luumhu Platform
ဓာတ်ပုံများ - လှည်းကူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
No comments:
Post a Comment