ကျေးရွာ​တွေ စစ်​ကြောင်းထိုးရာတွင် ပါဝင်ခဲ့သည့် ရဲတပ်သား ထွက်​ပြေးလာ၍ မြိုင် PDF ထိန်းသိမ်းထား


ကျေးရွာများအား စစ်ကြောင်ထိုးရာတွင် ပါဝင်ခဲ့သည့် ရဲတပ်သားတစ်ဦး အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ ထွက်ပြေးလာ၍ ထိန်းသိမ်းထားကြောင်း မြိုင်PDFက ယနေ့ ထုတ်ပြန်သည်။ 

ဒီဇင်ဘာ ၁၂ ရက်က ဖမ်းမိခဲ့သော အဆိုပါရဲတပ်သားကို ထိန်းသိမ်းထားပြီး အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)နှင့် ချိတ်ဆက်ကာ ၎င်း၏ ဆန္ဒအရ လုံခြုံသောနေရာသို့ ပို့ဆောင်သွားမည်ဟုလည်း မြိုင် PDFက အသိပေးသည်။ 

ထွက်ပြေးလာသော ရဲတပ်သား၏ ထွက်ဆိုချက်အရ မကွေးတိုင်း သရက်ခရိုင် မင်းလှမြို့နယ်တွင် တာဝန်ထမ်းဆောင်သူဖြစ်ပြီး ဒီဇင်ဘာ ၄ ရက်တွင် မကွေးတိုင်းရဲတပ်ဖွဲ့ရုံးသို့ ခေါ်ဆောင်ခံရကြောင်း သိရသည်။ 

ထို့နောက် ပခုက္ကူမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ် ခမရ (၃၂၅)သို့ ထပ်မံပို့ဆောင်ခံရကာ မြိုင်မြို့နယ်သို့ ​ရောက်ရှိလာခဲ့သူဖြစ်ကြောင်း ရဲတပ်သားက ပြောသည်။ 

၎င်းသည် မြိုင်မြို့နယ် ရွာသာအေးကျေးရွာနှင့် မဲသကျကျေးရွာတို့အား စစ်ကြောင်းထိုးရာ၌ ပါဝင်ခဲ့သည်ဟုလည်း ဝန်ခံထွက်ဆိုထားသည်။


People's Spring



ကျေးရွာ​တွေ စစ်​ကြောင်းထိုးရာတွင် ပါဝင်ခဲ့သည့် ရဲတပ်သား ထွက်​ပြေးလာ၍ မြိုင် PDF ထိန်းသိမ်းထား ကျေးရွာ​တွေ စစ်​ကြောင်းထိုးရာတွင် ပါဝင်ခဲ့သည့် ရဲတပ်သား ထွက်​ပြေးလာ၍ မြိုင် PDF ထိန်းသိမ်းထား Reviewed by THITHTOOLWIN on 21:14 Rating: 5

No comments:

Powered by Blogger.