မြိုင်မြို့နယ်ထဲမှာ PDF ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်ကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၆ ဦး သေဆုံး


ဒီဇင်ဘာ ၁၀ ရက်၊ မြိုင်

မကွေးတိုင်း မြိုင်မြို့နယ်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ် အင်အား (၆၀)ကျော်ကို PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ရာ ၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မြိုင်မြို့နယ် မင်းသားကျရွာအထွက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ခြေလျင်နဲ့ တက်လာစဥ် မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA)က ဒီနေ့မနက် ၁၀ နာရီခွဲမှာ ထုတ်ပြန်ထားပါတယ်။

မနေ့ ဒီဇင်ဘာ ၉ ရက် နေ့လယ် ၁ နာရီခွဲက မိုင်းတွေ တပ်ဆင်ထားပြီး စောင့်ဆိုင်းခဲ့ရာ မိုင်း ၆ လုံးကို ထိထိမိမိ ဆွဲနိုင်ခဲ့ပြီး ဒီမနက် ၉ နာရီမှာ စစ်တပ်ဘက်က ၆ ဦး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ကို PRA၊ မြိုင် (MVRF)နဲ့ Local PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး တိုက်ပွဲဖြစ်ပွားရာ အနီးနားရှိ စစ်ရှောင်ကျေးရွာခံတွေကို ရဲဘော်တွေက ဝန်းရံကူညီပေးခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။


Shwe Phee Myay News Agency 

မြိုင်မြို့နယ်ထဲမှာ PDF ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်ကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၆ ဦး သေဆုံး မြိုင်မြို့နယ်ထဲမှာ PDF ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်ကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၆ ဦး သေဆုံး Reviewed by THITHTOOLWIN on 22:56 Rating: 5

No comments:

Powered by Blogger.