ဒီဇင်ဘာ(၁၁)
မကွေးတိုင်း ရေစကြိုမြို့နယ်မှာ ဒီကနေ့ ဒီဇင်ဘာ(၁၁)ရက် နေ့ခင်းပိုင်းက စစ်ကောင်စီတပ်နဲ့ဒေသခံPDF မဟာမိတ်ပူးပေါင်းအဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား(၈)ယောက် သေဆုံးခဲ့သလို PDF ရဲဘော်(၃)ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ရေစကြိုမြို့နယ် ရွှေလှံကျေးရွာမှာ မနက် ၁၁နာရီခွဲ၀န်းကျင်က နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား(၆)ယောက် သေဆုံးခဲ့ကာ(၂)ယောက် ထိခိုက်ဒဏ်ရာရခဲ့သလို PDF (၃)ယောက် ဖမ်းဆီးခံခဲ့ရပြီး သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့က ထုတ်ပြန်ထားပါတယ်။
နေ့ပိုင်း(၁)နာရီ၀န်းကျင်မှာတော့ ရေစကြိုနယ်ကနေ မြောင်မြို့နယ်ဘက်အခြမ်းကို ကူးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံPDF တွေ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၂) ယောက် သေဆုံးခဲ့ကာ(၁)ယောက် ပြင်းထန်ဒဏ်ရာ ရသွားတယ်လို့ သိရပါတယ်။
ဒီကနေ့တိုက်ပွဲကိုမြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့၊မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM၊ PDF-Taloke ၊ နှလုံးလှလူမိုက်ကြီများအဖွဲ့၊ Burmese Guerrilla Force –BGF၊ MGN TIGER၊ MGN RAINGER ၊ ဗိုလ်တောက်ထွန်းအဖွဲ့နဲ့ 11 Brothers Revolution Forces တို့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပြီး ကျဆုံးရဲဘော်(၃)ယောက်ဟာ CDSOMအဖွဲ့က ဖြစ်တယ်လို့သိရပါတယ် ။
ဒါ့အပြင် PDF ရဲဘော်(၃)ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မျက်မှောက်ခေတ်
ရေစကြိုနယ်မှာ စစ်ကောင်စီနဲ့ ဒေသခံPDF တိုက်ပွဲ(၂)ကြိမ်ဖြစ် ၊ စကစ(၈)ယောက်သေ ၊ PDF(၃)ယောက် ကျဆုံး
Reviewed by THITHTOOLWIN
on
03:48
Rating:
No comments:
Post a Comment