NUG ကိုတရားဝင်ကူညီနိုင်မယ့်ပြင်ဆင်ချက်ပါဝင်တဲ့ NDAAဥပဒေကို သမ္မတဘိုင်ဒန်လက်မှတ်ထိုး


မြန်မာ့ဒီမိုကရေစီအရေးတွန်းအားပေးနိုင်သလို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တရားဝင် မဟာဗျူဟာကျ ကူညီနိုင်မယ့် ပြင်ဆင်ချက်တွေပါဝင်တဲ့အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ - NDAA သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။

၂၀၂၂ ဘဏ္ဏာနှစ်အတွက် NDAA လို့ အတိုကောက်ခေါ်တဲ့ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ မှာမြန်မာ့အရေးပြင်ဆင်ချက်ပါဝင်တာဖြစ်လို့ စစ်ကောင်စီကို အရေးယူနိုင်ဖို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တရားဝင်အသိအမှတ်ပြုကူညီပံ့ပိုးတာတွေ ဖြစ်လာမှာပါ။

ဒီဥပဒေက လာမယ့် ၂၀၂၂ဘဏ္ဍာနှစ်မှာ အမေရိကန်ကာကွယ်ရေးဌာနအတွက် ဒေါ်လာ ဘီလီယံ ၇၄၀ သုံးစွဲခွင့်ပြုမှာဖြစ်ပါတယ်။

အဲဒီဥပဒေကို အမေရိကန်အထတ်လွှတ်တော်အမတ် Mitch McConnell ဦးဆောင်ရေးဆွဲခဲ့တာဖြစ်ပါတယ်။ McConnell ဟာ မြန်မာ့ဒီမိုကရေစီအရေးအတွက် တောက်လျှောက်ကြိုးစားထောက်ခံခဲ့သူဖြစ်ပြီး အမေရိကန် ရဲ့ အဓိကပါတီကြီးနှစ်ခုကဒီဥပဒေကိုပူးပေါင်းပြင်ဆင်ခဲ့တာကို အစောပိုင်းသတင်းတွေကဖော်ပြထားပါတယ်။

အဲဒီဥပဒေမှာ မြန်မာအပေါ် တရုတ်နဲ့ရုရှားရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားနဲ့ လွှမ်းမိုးတဲ့လုပ်ရပ်တွေကြောင့် မြန်မာနိုင်ငံ လူမျိုးစုပဋိပက္ခပိုကြီးလာတာကိုပြန်လည်သုံးသပ်ဖို့လည်းပါဝင်ပါတယ်။

ဥပဒေ ပြင်ဆင်ချက်အရ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတကာဖွံ့ဖြိုးမှု အကူအညီပေးရေး အေဂျင်စီ (USAID)၊ ဘဏ္ဍာရေး ဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့က အဆင့်မြင့် တာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရရဲ့ မူဝါဒတွေနဲ့ လုံခြုံရေးဆိုင်ရာ ရည်မှန်းချက်တွေကို ကွန်ဂရက်မှာ လူကိုယ်တိုင် ရှင်းလင်းတင်ပြကြဖို့လိုအပ်မှာလည်းဖြစ်ပါတယ်။

အမေရိကန်အစိုးရတာဝန်ရှိသူတွေဟာ သက်ဆိုင်ရာလွှတ် တော် ကော်မတီတွေကို ဥပဒေ ပြဌာန်းပြီး ရက် ၆၀ အတွင်းမြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အစီရင်ခံတင်ပြရ မှာဖြစ်ပါတယ်။

BBC Burmese

NUG ကိုတရားဝင်ကူညီနိုင်မယ့်ပြင်ဆင်ချက်ပါဝင်တဲ့ NDAAဥပဒေကို သမ္မတဘိုင်ဒန်လက်မှတ်ထိုး NUG ကိုတရားဝင်ကူညီနိုင်မယ့်ပြင်ဆင်ချက်ပါဝင်တဲ့ NDAAဥပဒေကို သမ္မတဘိုင်ဒန်လက်မှတ်ထိုး Reviewed by THITHTOOLWIN on 20:03 Rating: 5

No comments:

Powered by Blogger.