မုံရွာမြို့တွင် မြို့နယ်စီမံခန့်ခွဲရေးရုံး Non-CDM ဗိုလ်ကတော် (၁) ဦး သေနတ်ဖြင့်ပစ်သတ်ခံရ


ဒီဇင်ဘာ၂၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် မြို့နယ်စီမံခန့်ခွဲရေးရုံး Non-CDM ဗိုလ်ကတော် (၁) ဦး ယနေ့မနက်က ရေကူးကန်လမ်းမှာ သေနတ်နှင့်ပစ်သ တ်ခံရကြောင်း မုံရွာသတင်းရင်းမြစ် RNA မှသိရသည်။ 

"ဒီမနက်၉နာရီလောက်မှာ ရေကူးကန်၁၉လမ်းအနီးမှာ အမည်မသိလူတစ်စုက ပစ်သ တ်သွားတာ၊ သေနတ်၇ချက်ဖြင့် တခါတည်း ပွဲချင်းပြီးသေဆုံးသွားတာ၊သူ့ယောင်္ကျားကတော့ ၃ပွင့်ဗိုလ်တစ်ဦး"ဟု ဒေသခံတစ်ဦးကပြောကြောင်း RNA မှဖော်ပြသည်။

သေနတ်ဒဏ်ရာ (၇) ချက်ဖြင့် သေဆုံးသွားသည့် အမျိုးသမီးသည် မုံရွာမြို့နယ်စီမံခန့်ခွဲရေးရုံးမှာ လက်ရှိအချိန်ထိ Non-CDMပြုလုပ်ကာ အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး သူ၏အမျိုးသားကတော့ ကျောက်ဆစ်ပုံအမြောက်တပ်က ၃ပွင့်ဗိုလ်တစ်ဦးဖြစ်ကြောင်းလည်း သိရ၍ မည့်သည့်အဖွဲ့အစည်းကပြုလုပ်တယ်ဆိုတာ လတ်တလော ထုတ်ပြန်ချင်းမရှိသေးကြောင်း သိရသည်။


PDFNewsflash


မုံရွာမြို့တွင် မြို့နယ်စီမံခန့်ခွဲရေးရုံး Non-CDM ဗိုလ်ကတော် (၁) ဦး သေနတ်ဖြင့်ပစ်သတ်ခံရ မုံရွာမြို့တွင် မြို့နယ်စီမံခန့်ခွဲရေးရုံး Non-CDM ဗိုလ်ကတော် (၁) ဦး သေနတ်ဖြင့်ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 01:25 Rating: 5

No comments:

Powered by Blogger.