Photo – CJ (ရန်ကုန်မြို့ရှိ Mytel ရုံးတစ်ခုအား တွေ့ရစဥ် (ပုံအဟောင်း) |
ရန်ကုန်၊ ဒီဇင်ဘာ ၂၃
ရန်ကုန်တိုင်း သာကေတမြို့နယ်ရှိ အကြမ်းဖက်စစ်အုပ်စုပိုင် Mytel ရုံးကို ယနေ့ ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းက People Defence Force - Unity အဖွဲ့က ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။
ယနေ့ ညနေ ၄ နာရီဝန်းကျင်အချိန်တွင် သာကေတမြို့နယ် (၇) စျေးအနီး Mytel ရုံးကို ဖောက်ခွဲမှု ပြုလုပ်ခဲ့ပြီး ရုံးအတွင်းပိုင်း ပျက်ဆီးဆုံးရှုံးမှု ရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
" ညနေက ၇ စျေးနားမှာ ပေါက်ကွဲသံအကျယ်ကြီး ကြားလိုက်ရတယ်။ Mytel ရုံး ပေါက်တယ်လို့တော့ သိရတယ်။ လူထိခိုက်မှု ရှိ မရှိတော့ မသိရသေးပါဘူး " ဟု သာကေတမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်ကလည်း သာကေတမြို့နယ် ၅ ရပ်ကွက် စျေးလမ်းအတွင်းရှိ စျေးသူစျေးသားများကို အမျိုးမျိုးဖိအားပေးနေသည့် စစ်ကောင်စီလက်အောက်ခံ စည်ပင်စျေး အကောက်ခွန်ရုံးအား Unity - People's Defence Force အဖွဲ့က ဖောက်ခွှဲမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
Lu Nge Khit
No comments:
Post a Comment