စစ်ကောင်စီထိုးစစ်ဆင်၍ မုံးကိုးဒေသတွင် ယနေ့ တိုက်ပွဲပြင်းထန်နေဟု MNDAA ထုတ်ပြန်


အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့(ဒီဇင်ဘာ ၁၃ရက်)တွင် မုံးကိုးခရိုင်ရှိ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)  ထိန်းချုပ်နယ်မြေသို့ ထိုးစစ်ဆင်နေ၍ တိုက်ပွဲပြင်းထန်နေကြောင်း ပစ်ခတ်သံများပါဝင်သည့် ရုပ်သံဖိုင်နှင့်အတူ MNDAAက သတင်း ထုတ်ပြန်သည်။ 

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်ရက်ပိုင်းများအတွင်းက မုံးကိုးဒေသ အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်းသို့ စစ်အင်အားအများအပြား ဖြည့်တင်းနေခြင်းဖြစ်သည်။ 

ထိုသို့ စစ်ကူများပို့ဆောင်ပြီးနောက် ဒီဇင်ဘာ၁၀ရက်တွင်  စစ်ကောင်စီတပ်သည် သံလွင်မြစ်၏နောက်ဘက်ရှိ MNDAA တပ်များနှင့် တိုက်ပွဲများ နေရာအနှံ့ဖြစ်ခဲ့သည်ဟု ဆိုသည်။

ဒီဇင်ဘာ ၁၀ရက်က ပန်ရင်လပ၊ မန်ဖာဒေသ၊မန်ရန် တပ်စခန်းတို့ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်များ အထိနာပြီး ဆုတ်ခွာသွားသကဲ့သို့ MNDAA ဘက်မှ တစ်ဦးကျဆုံး ​လေးဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 

ထို့ပြင် ချင်ချိုင့်ထန် တပ်စခန်းကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာ၍ ၃နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး MNDAA ဘက်မှ နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ ထိခိုက်မှုကို အသေး စိတ်မသိရကြောင်း ဖော်ပြသည်။ 

မုံးကိုးဒေသ၌ ဇူလိုင်မှစ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်မှ အင်အားများ ဖြည့် တင်းထိုးစစ်ဆင်နေ၍ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း MNDAAက ထုတ်ပြန်ထားသည်။

People's Spring 



စစ်ကောင်စီထိုးစစ်ဆင်၍ မုံးကိုးဒေသတွင် ယနေ့ တိုက်ပွဲပြင်းထန်နေဟု MNDAA ထုတ်ပြန် စစ်ကောင်စီထိုးစစ်ဆင်၍ မုံးကိုးဒေသတွင် ယနေ့ တိုက်ပွဲပြင်းထန်နေဟု MNDAA ထုတ်ပြန် Reviewed by THITHTOOLWIN on 20:20 Rating: 5

No comments:

Powered by Blogger.