ပုလောက KNU ထိန်းချုပ်ဧရိယာမှာ သင်းအုပ်ဆရာတစ်ဦးနဲ့ ၂ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ငါးဦးကို စစ်ကောင်စီတပ်တွေ ဖမ်းခေါ်သွား


တနင်္သာရီတိုင်းမ်၊ ဒီဇင်ဘာ ၂၂ 

ပုလောမြို့နယ်က KNU ထိန်းချုပ်ဧရိယာမှာပါဝင်တဲ့ လက်ပံပြင်ရွာကို ဒီနေ့မနက်စောစောက စစ်ကောင်စီတပ်သားအင်အား ငါးဆယ်ဝန်းကျင်ရောက်ရှိလာပြီး ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦးနဲ့ ၂ နှစ်သားအရွယ်ကလေးတစ်ဦးအပါအဝင်ဒေသခံငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ 

ယနေ့နံနက် ၆ နာရီဝန်းကျင်က ရွာကိုရောက်လာပြီး အိမ်မှာသေနတ်တွေ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ သင်းအုပ်ဆရာနဲ့ သားဖြစ်သူတစ်ဦး၊ တပည့်ဖြစ်သူတစ်ဦး စုစုပေါင်း ၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ 

အဲဒီအပြင် KNU ရဲ့ ကျေးရွာတာဝန်ခံဖြစ်သူကို မတွေ့လို့ ၂ နှစ်သားကလေးငယ်တစ်ဦးနဲ့ မိခင်ဖြစ်သူကို ဓားစာခံအနေနဲ့ ဖမ်းဆီးသွားပြီး ရွှေတွေနဲ့ ပိုက်ဆံကျပ်သိန်းခြောက်ဆယ်ကို သိမ်းဆည်းခဲ့တယ်လို့သိရပါတယ်။ 

တခြားနေအိမ်တွေလည်းဝင်ရှာခံရပြီး ရွှေနဲပိုက်ဆံတွေယူဆောင်သွားတယ်လို့သိရပါတယ်။ 

လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေဟာ ကဒဲကျေးရွာက ဘုန်းကြီးကျောင်းမှာတပ်စွဲထားတယ်လို့သိရပါတယ်။ 

The Tanintharyi Times

ပုလောက KNU ထိန်းချုပ်ဧရိယာမှာ သင်းအုပ်ဆရာတစ်ဦးနဲ့ ၂ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ငါးဦးကို စစ်ကောင်စီတပ်တွေ ဖမ်းခေါ်သွား ပုလောက KNU ထိန်းချုပ်ဧရိယာမှာ သင်းအုပ်ဆရာတစ်ဦးနဲ့ ၂ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ငါးဦးကို စစ်ကောင်စီတပ်တွေ ဖမ်းခေါ်သွား Reviewed by THITHTOOLWIN on 00:44 Rating: 5

No comments:

Powered by Blogger.