KNU တပ်မဟာ ၁ မောကလိုးဒေသမှာ စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ တိုက်ခိုက်ခံရ၊ ၂ ဦးသေဆုံးဟုဆို


ဒီဇင်ဘာလ ၂၉ ရက်နေ့၂၀၂၁

မွန်ပြည်နယ် သထုံမြို့နယ် ပိန္နဲတောအထက်နားရှိ မောကလိုးနေရာတွင် ပြန်ဆင်းလာတဲ့စစ်ကောင်စီ၊BGF ပူးပေါင်းတပ်ဖွဲ့တို့ကို ဒီနေ့မွန်းလွဲ ၂ နာရီကျော်မှာ KNLA တပ်မဟာ ၁ တပ်ဖွဲ့မှပစ်ခတ်တိုက်ခိုက်တာကြောင့် စစ်ကောင်စီဖက်မှ၂ ဦးသေဆုံးတယ်လို့ KNLA တပ်မဟာ ၁ တပ်ရင်း ၂ တပ်မှူးတစ်ဦးက Salween Press ကိုအတည်ပြုပြောပါတယ်။

"ပစ်ခတ်မှုမှာစစ်ကောင်စီဖက်က ၂ ဦးသေဆုံးတာတော့ အတည်ပြုလို့ရပြီး။ အခြားသေဆုံးမှုရှိ၊ မရှိ နဲ့ထိခိုက်ဒဏ်ရာရတာကိုတော့အတည်ပြုလို့မရသေးဘူး" လို့ အထက်ပါတပ်မှူးက ပြောပါတယ်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပျဉ်းမပင်ဆိပ်နှင့် ကျသောင်းဆိပ်ကျေးရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့နှင့် BGF ပူးပေါင်းတပ်ဖွဲ့တို့ သည် ဒီဇင်ဘာလ ၂၇ ရက်နေ့က ကျသောင်းဆိပ်တပ်စခန်းကို ပြန်လည်အခြေချနေထိုင်ပြီးလို့ ဒေသခံတစ်ဦးကပြောပါတယ်။ 

လက်ရှိကျသောင်းဆိပ်စခန်းမှာ ပြန်လည်အခြေချတပ်ဖွဲ့တွေက စစ်ရေးလှုပ်ရှားမှုကို ပိုလုပ်ဆောင်လာပြီး နယ်မြေခံ ပျဉ်းမပင်ဆိပ်ရွာသား BGF တပ်ဖွဲ့ဝင် စောနာဒူးပါဝင်တယ်လို့ အဆိုပါရွာသားကပြောပါတယ်။ စစ်ရေးလှုပ်ရှားမှုတွေပိုလုပ်ဆောင်လာတာကြောင့် ဒေသခံ ကျေးရွာသားများကထွက်ပြေးတိမ်းရှောင်ရတယ်လို့ဆိုပါတယ်။ 

"ရွာသားတွေကြောက်ကြတယ်။ အခုတိမ်းရှောင်ကြပြီး။ အချို့ကမြို့မှာ နီးစပ်ရာဆွေမျိုးအသိမိတ်ဆွေတွေဆီမှာ တိမ်းရှောင်ကြတယ်။ အနီးနားရွာမှာတိမ်းရှောင်နေရင်ဘာမှမထူးဘူး" အဆိုပါရွာသားကပြောပါတယ်။

အောင်လေး၊ Salween Press 

KNU တပ်မဟာ ၁ မောကလိုးဒေသမှာ စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ တိုက်ခိုက်ခံရ၊ ၂ ဦးသေဆုံးဟုဆို KNU တပ်မဟာ ၁ မောကလိုးဒေသမှာ စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ တိုက်ခိုက်ခံရ၊ ၂ ဦးသေဆုံးဟုဆို Reviewed by THITHTOOLWIN on 08:08 Rating: 5

No comments:

Powered by Blogger.