ဓာတ်ပုံ - ကော့ကရိတ် အာရှလမ်းမပေါ်က တိုက်ပွဲတစ်ခုမှာပါဝင်ခဲ့သည့် KNLA/PDF ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦး။ |
ကရင်ပြည်နယ် မြဝတီမြို့တောင်ဖက် ထီးမယ်ဝါးခီးစခန်းကို KNLA နှင့်ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့ဖက်မှပြန်လည်သိမ်းပိုက်နိုင်တယ်လို့စစ်မြေပြင်သတင်းပေးပို့ချက်အရသိရပါတယ်။
"တိုက်ပွဲက ဒီနေ့မနက် ၄ နာရီလောက်မှာ စဖြစ်တာ။ ၆ နာရီအထိအဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ကြတယ်။ မနက်၁၀ နာရီနောက်ပိုင်းမှာပစ်ခတ်မှုနည်းသွားပြီး အသံအနည်းငယ်ဘဲရှိတော့တယ်" လို့ စစ်မြေပြင်မှာရှိနေတဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
"မွန်းလွှဲ ၂ နာရီမှာလေယာဉ် ၂ စီးလာပြီးဗုံးကြဲသေးတယ်။ အခုည ၇ နာရီထိပစ်ခတ်နေတဲ့နေရာမှာမီးလောင်နေတုန်းဘဲ။ မယ်ဝါးခီးစခန်းပြန်တယ်လို့ပြောတယ်။ အရင်ကလည်းစခန်းကျတာမဟုတ်ဘူး။ လေယာဉ်နဲ့ဗုံးလာကြဲလို့ခဏဆုတ်လိုက်တဲ့သဘောဘဲ။ စစ်ကောင်စီဖက်က အဲ့နေရာရတာလည်းမဟုတ်သလို့ တက်လာလို့လည်းမရဲပါဘူး။ ကျနော်တို့ KNLA/ KNDO/ DKBA/ PDF ပူးပေါင်းတိုက်ခိုက်ပြီးကျနော်တို့နေရာကိုပြန်နေတဲ့သဘောဘဲ" လို့ သူကပြောပါတယ်။
လက်ရှိမယ်ဝါးခီးအောက်ဖက်မှာ စစ်ကောင်စီတပ်ဖွဲ့တချို့ကပြန်ဆုတ်ပေမဲ့ အင်အား ၅၀ လောက်က အဲ့ဒီနေရာတဝိုက်မှာ ဆက်လက်ကျန်ရှိပြီး နေရာယူထားလျှက်ရှိတယ်လို့ သူကပြောပါတယ်။
"သူတို့အသင့်ရှိနေတယ်။ ညဖက်ထိုးစစ်ဆင်နိုင်တယ်လို့လည်းပြောကြတယ်" လို့ အဆိုပါ PDF အဖွဲ့ဝင်ကပြောပါတယ်။
အောင်လေး၊ Salween Press
No comments:
Post a Comment