KNLA နဲ့ စစ်​ကောင်စီတပ် ဒီမနက်ထိ​တွေ့ပစ်ခတ်မှု စစ်​ကောင်စီတပ်သား၃ ဦး ​သေဆုံး

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့နယ် ကော့နွဲ့ကျေးရွာအုပ်စုထဲကို နယ်မြေကျော်ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့အကြား ဒီကနေ့မနက်က တိုက်ပွဲဖြစ်ပွါးရာ စစ်ကောင်စီဘက်က သုံးဦးသေဆုံးခဲ့ပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၃၀ ရက် မနက် ၆ နာရီကျော်အချိန်ကစပြီး ကေအဲန်ယူ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာအုပ်စု မနွယ်ဘုရားကုန်းနဲ့ မြိုင်ကလေးဘုရားကုန်းကြားမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၆ တို့အကြား ထိပ်တိုက်တွေ့ဆုံပြီး တိုက်ပွဲဖြစ်ပွါးခဲ့တာပါ။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က သုံးဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ နယ်မြေခံ KNLA လုံခြုံရေးတပ်ဖွဲ့ထံကနေ သိရပါတယ်။

တိုက်ပွဲဖြစ်ပွါးနေစဉ်အတွင်း ကော့ကရိတ်မြို့ထဲမှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ(၉၇) တပ်ထဲကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြေပြင်သတင်းပေးပို့ချက်ကနေ သိရပါတယ်။

People's Spring 

KNLA နဲ့ စစ်​ကောင်စီတပ် ဒီမနက်ထိ​တွေ့ပစ်ခတ်မှု စစ်​ကောင်စီတပ်သား၃ ဦး ​သေဆုံး KNLA နဲ့ စစ်​ကောင်စီတပ် ဒီမနက်ထိ​တွေ့ပစ်ခတ်မှု စစ်​ကောင်စီတပ်သား၃ ဦး ​သေဆုံး Reviewed by THITHTOOLWIN on 18:05 Rating: 5

No comments:

Powered by Blogger.