ဒီဇင်ဘာ ၃၀ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ယနေ့ ဒီဇင်ဘာလ ၃၀ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားနေသည့် လေးကေကော်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ခွဲမှူးအပါအဝင် ၇ ဦးအား လက်နက်ခဲယမ်းများနှင့်အတူ KNLA ပူးပေါင်းတပ်ဖွဲ့ ထပ်မံဖမ်းဆီးရမိထားသည်ဟု မြေပြင်သတင်းအရ သိရသည်။
အိမ်စီးကားဖြင့် နေရာရွှေ့ပြောင်းလာစဥ် ရသေ့ဂူ ကျေးရွာဝန်းကျင်တွင် ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု KNLAနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ခုက ပြောသည်။
၎င်းက” ဒီမနက် ပစ်တဲ့ပွဲမှာ မိတယ်။ ၇ ယောက်မိတယ်။ တပ်ခွဲမှူးတစ်ယောက်ပါတယ်။ ကျန်တာ ရဲဘော်တွေ။ လူကြီးတွေဆီကို အပ်ထားတယ်။ “ဟု ကေအိုင်စီသို့ အတည်ပြုထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ရက်နေ့က ဖြစ်ပွားသည့် လေးကေကော်ဒေသ တိုက်ပွဲတွင်လည်း စစ်ကောင်စီ ခမရ ၂၇၅ မှ တပ်ဖွဲ့ ဝင် ၆ ဦးနှင့် နယ်ခြားစောင့်တပ် -BGF ၂ ဦးအား KNLA ကရင်ပူးပေါင်းတပ်ဖွဲ့က အရှင်ဖမ်းမိသေးသည်။
အဆိုပါ ဖမ်းမိစစ်ကောင်စီ စစ်သည်များကို ကောင်းမွန်စွာ ထားရှိခဲ့သည်ဟုလည်း ကေအဲန်ယူက ပြောဆိုထားသည်။
Karen Information Center -KIC
Photo_KNLA
No comments:
Post a Comment