၂၀၂၁ခုနှစ်၊ ဒီဇင်ဘာ၂၃ရက်
ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ တပ်မဟာ အမှတ်(၆) (KNLA) တပ်ရင်း(၁၈)၊ တပ်ရင်း(၂၇) ပူးပေါင်းတပ်ဖွဲ့များနှင့် အာဏာသိမ်း စစ်ကောင်စီ ခမရ(၂၀၁)၊ (၃၁၀) ပူးပေါင်းတပ်ဖွဲ့တို့ ဒီဇင်ဘာ (၂၁)ရက်၊ နေ့လည် (၁၁) ခွဲနာရီ ဝန်းကျင်အချိန်ခန့်တွင် ကေအဲန်ယူ-ဒူးပလာယာခရိုင်၊ ကော့နွဲကျေးရွာ အာရှလမ်းမ၌ ထိပ်တိုက် ပစ်ခတ်မှု (၂)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ တပ်ခွဲမှူး(၂)ဦးအပါအဝင် (၇)ဦးသေဆုံးကာ၊ (၈)ဦးဒဏ်ရာရှိခဲ့ကြောင်း ကော့ကရိတ်မြို့နယ် သတင်းနှင့်ပြန်ကြားရေးမှ သတင်းပေးပို့သည်။
ဒီဇင်ဘာလ (၂၀)ရက်နေ့တွင်လည်း KNLA နှင့် စစ်ကောင်စီတပ် စကခ (၁၃)လက်အောင်ခံ ခမရ (၅၄၅/၅၄၆) တပ်မ (၇၇) ပူးပေါင်းတပ်ဖွဲ့တို့နှင့် ကောတာကလားတွင် (၁)ကြိမ်၊ မော်မောင်းထာ့ နှင့် ကလားမရွှေတွင် (၁)ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ (၂)ဦးသေကာ (၃)ဦး ဒဏ်ရာရခဲ့ကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။
ဒီဇင်ဘာလ (၂၀-၂၁)ရက် နှစ်ရက်အတွင်း စစ်ကောင်စီဖက်မှ (၉)ဦးသေဆုံးကာ (၁၁)ဦးဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။
ဒူးပလာယာခရိုင် - သတင်းနှင့်ပြန်ကြားရေး
No comments:
Post a Comment