ထမင်းဝိုင်းဖွဲ့ စားနေချိန် KIA တပ်မှ ရှောင်တခင်ဝင်တိုက်သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများပြားသေဆုံး

ဒီဇင်ဘာ(၂၅)

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်ပိန်းကျေးရွာအထက် ကောင်းခမ်းအနီးကျောက်တောင်၌ ထမင်းဝိုင်းဖွဲ့စားနေကြသော စစ်ကောင်စီ တပ်ဖွဲ့ကို ယနေ့ည ၄နာရီ ၄၀ မိနစ်အချိန်က KIA မှ ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အင်အား ၄၀ မျှရှိသော စစ်ကောင်စီတပ်ဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်ခဲ့သည်ဟုသိရသည်။

သိန္နီအခြေစိုက် စစ်ကောင်စီ အမြောက်တပ်မှနေ၍ ညနေအချိန် ၅ နာရီခန့်တွင် လက်နက်ကြီးများ အဆက်မပြတ်ပစ်ကူပေးခဲ့ကြောင်းကိုလည်း ဒေသတွင်းသတင်းအရ သိရသည်။

ထိုသို့ ‌KIA တပ်မှ ရှောင်တခင်ဝင်‌ရောက်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အတုံးအရူံသေဆုံးခဲ့သည်ဆိုသော်လည်း မည်မျှသေဆုံးခြင်းရှိသည်ကိုမူ သတင်းအရင်းမြစ်တွင် ဖော်ပြခြင်းမပြုသေးချေ။

Sa J Myanmar News

ထမင်းဝိုင်းဖွဲ့ စားနေချိန် KIA တပ်မှ ရှောင်တခင်ဝင်တိုက်သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများပြားသေဆုံး ထမင်းဝိုင်းဖွဲ့ စားနေချိန် KIA တပ်မှ ရှောင်တခင်ဝင်တိုက်သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများပြားသေဆုံး Reviewed by THITHTOOLWIN on 22:32 Rating: 5

No comments:

Powered by Blogger.