Photo - Putao PDF တပ်ဖွဲ့ဝင်များ |
ဒီဇင်ဘာ ၃၀
ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်မှ ပူတာအိုဘက်သို့ တက်လာသည့် စစ်ကောင်စီယာဉ်တန်း ကား (၂) စီးအား ယမန်နေ့ ည ၁၂ နာရီခန့်အချိန်တွင် KIA နှင့် PDF ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စကစတပ်သား (၂၀) ကျော်သေဆုံးခဲ့ကြောင်း သိရသည်။
" အင်အား (၃၀) ကျော်ပါသော စကစယာဉ်တန်းအား ပူတာအိုမြို့နယ် အင်ဆိုင်းယန်ကျေးရွာအနီးတွင် KIA နှင့် PDF တို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့သည် " ဟု ဒေသခံသတင်းရင်းမြစ်က ဆိုသည်။
တ်ုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်များ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
PDF Newsflash
ပူတာအိုဘက်သို့တက်လာသော စကစယာဉ်တန်းအား KIA နှင့် PDF ကြားဖြတ်တိုက်ခိုက်၊ စကစတပ်သား (၂၀) ကျော်သေဆုံး
Reviewed by THITHTOOLWIN
on
00:47
Rating:
No comments:
Post a Comment