မဲခေါင်၊ ဒီဇင်ဘာ ၂၅
ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ ဆားမှော်ရှိ ခမရ ၃၈၃နှင့် ၃၈၄ အခြေစိုက်ရာ စစ်ကောင်စီတပ်စခန်း ကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်သိမ်းပိုက်ရာ စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၇၆ ဦးထက်မနည်း သေဆုံးကြောင်း သတင်းရင်းမြစ်များက မဲခေါင်ကို ပြောသည်။
ဒီဇင်ဘာ ၂၄ရက်က ဖြစ်ပွားသည့် တိုက်ပွဲတွင် KIA တပ်မဟာ ၉ လက်အောက်ရှိ တပ်ရင်း ၄၄ နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်ပြီး ABSDF နှင့်အခြား တော်လှန်ရေးတပ်ဖွဲ့များလည်း ပူးပေါင်းပါဝင်ကြောင်း သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကိုပြောသည်။
“ရဲဘော်တစ်ယောက် အလောင်းရေတာပဲ ၇၆ လောင်းရှိတယ်။ ဒီထက်အများကြီးပိုနိုင်သေးတယ်” ဟု၎င်း ကပြောသည်။
ထို့ပြင် လက်နက်ခဲယမ်းများလည်း အများအပြား သိမ်းဆည်းရမိသည်ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။
သို့သော် KIA ဘက်ကမူ တိုက်ပွဲနှင့် ပတ်သက်သည့် သတင်းဓာတ်ပုံများ ထုတ်ပြန်လေ့မရှိသလို ယခုစခန်းသိမ်းတိုက်ပွဲတွင်လည်း သတင်းဓာတ်ပုံများ ထုတ်ပြန်ထားခြင်း မရှိပေ။
အဆိုပါစခန်းသိမ်းတိုက်ပွဲပြီးနောက် ၅နာရီခန့်အကြာတွင် စစ်ကောင်စီဘက်မှ တိုက်လေယာဉ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
MeKong News - မဲခေါင်သတင်း
No comments:
Post a Comment