စစ်ကောင်စီအားပေးထောက်ခံ၍ ဒီးမော့ဆိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်သော ဦးအောင်မိုးကို ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (KSP) ထံသို့ အပ်နှံခဲ့သည်ဟု ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)က ယနေ့ ထုတ်ပြန်သည်။
ဦးအောင်မိုးကို ဒီဇင်ဘာ ၂၅ရက် ည ၈နာရီခန့်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့ (ဒီဇင်ဘာ ၂၆ရက်) တွင် KSP ထံသို့ လွှဲပြောင်းခဲ့ကြောင်း ကရင်နီဒီမိုကရက်တစ်တပ်ဦးက ဆိုသည်။
ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)သည် လူ့အခွင့်အရေးဆိုင်ရာ မှုဝါဒများကို နားလည်းထားပြီး NUG မှ ချမှတ်ထားသော စည်းမျဥ်းစည်းကမ်းများနှင့်အညီ လိုက်နာလျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
နိုဝင်ဘာ ၂၆ ရက်ကလည်း ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စုမှ စစ်ကောင်စီသတင်းပေးဒလန်ဆိုသည့်အမျိုးသမီးတစ်ဦးကို KDFက ဖမ်းဆီးခဲ့ပြီး KSPထံ လွှဲအပ်ခဲ့သည်။
ကရင်နီဒီမိုကရက်တစ်တပ်ဦးသည် ပြည်သူလူထုများကို ကာကွယ်ရန်နှင့် အခြားသော မဟာမိတ်အဖွဲ့အစည်းများဖြင့် ဖက်ဒရယ် ပြည်ထောင်စုပေါ် ပေါက်သည်အထိ ဆက်လက်၍ တိုက်ပွဲဝင်သွားဟုလည်း အသိပေးသည်။
လက်ရှိတွင် KDF မှ ကရင်နီတပ်မတော်နှင့်အတူ ကယားပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီ ကို ခုခံစစ်ဆင်နွှဲရာ၌ ပူးပေါင်းတိုက်ခိုက်နေသည်ဟုလည်း ကြေညာထားသည်။
People's Spring / ဓာတ်ပုံ - KDF
No comments:
Post a Comment