ဖရူဆိုအခြေစိုက် ခမရ(၄၂၈)တပ်ကို KAနှင့် KNDFတို့ တိုက်ခိုက်၊ စစ်ကောင်စီတပ်သား သုံးဦးသေ ငါးဦးဒဏ်ရာရ
ကရင်နီ(ကယားပြည်နယ်) ဖရူဆိုမြို့နယ် အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ (၄၂၈) တပ်ကို ကရင်နီတပ်မတော်(KA)နှင့် KNDF တို့ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးသေ၊ ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။
ဒီဇင်ဘာ ၁၁ ရက် ည ၁၀နာရီခွဲခန့်က ခမရ(၄၂၈)တပ်ကို တိုက်ခိုက်ရာတွင် တောင်ပေါ်တစ်နေရာနှင့် မြို့ဘေးတစ်နေရာမှ တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆိုသည်။
"အကြမ်းဖက်စစ်တပ်ကို ကြိုပြီး တိုက်တာပေါ့။တခြား စစ်ဗျူဟာ အခင်းအကျင်းကျတော့ ပြောလို့မရသေးဘူးဗျ"ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
ယမန်နေ့ညပိုင်းကလည်း ဖရူဆို မြို့မရဲစခန်းကိုလည်း KNDF နှင့် KA ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။အဆိုပါဖြစ်စဥ်မှ အကြမ်းဖက်စစ်ကောင်စီ၏ ထိခိုက်သေဆုံးမှုကို KNDF က အတည်မပြုနိုင်သေးပေ။
တိုက်ပွဲ ဖြစ်စဥ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သော်လည်း ကရင်နီတပ်မတော်ဘက်မှ ထိခိုက်ကျဆုံးမှုမရှိကြောင်းလည်း သိရသည်။
မေလက စတင်ခဲ့သောကရင်နီ(ကယားပြည်နယ်) အတွင်း ဒီးမော့ဆို၊ လွိုင်ကော်တို့တွင်သာ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော်တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲအများဆုံးရှိခဲ့သည်။
People's Spring
(KNDF /B-04တပ်သားများကို တွေ့ရစဥ်)
No comments:
Post a Comment