မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ စစ်ကောင်စီ၏ သတင်းပေးဒလန်ဆိုသူတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ရှင်းလင်းခဲ့ကြောင်း မန္တလေးပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့(GZP)က ထုတ်ပြန်သည်။
ယနေ့(ဒီဇင်ဘာ ၂)နံနက် ၁၁ နာရီခန့်တွင် မဟာအောင် မြေမြို့နယ် သန်လျှက်မှော်အနောက် ဧသုခရပ်ကွက်နေ စစ်ကောင်စီသတင်းပေး ဦးမျိုးမြင့်ဆိုသူ၏ ဦးခေါင်းအားသေနတ်ဖြင့် တစ်ချက်ပစ်သတ်ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဦးမျိုးမြင့်ဆိုသူသည် ရရှိထားသည့် သေနတ်ဒဏ်ရာဖြင့်ပင် သေဆုံးသွားခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
GZP ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့(မန္တလေးအနေဖြင့် ပြည်သူလူထုအား ဒုက္ခပေးနေသော အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်သည့်မည်သူ့ကိုမဆို သက်ညှာသွားမည်မဟုတ်ကြောင်းလည်း အသိပေးထားသည်။
မန္တလေးမြို့မဟာအောင်မြေမြို့နယ်တွင် ယမန်နေ့ (ဒီဇင်ဘာ ၁)ရက်ကလည်း သတင်းပေးဒလန်ဟုဆိုသူ ဟေမမာလာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှိုင်မောင်ဝင်း(ခ)ဦးကုလား သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။
People's Spring
No comments:
Post a Comment