ထားဝယ် ၊ဒီဇင်ဘာလ ၂၆ ရက်
ထားဝယ်မြို့ လမ်းဆုံကြီးမီးပွိုင့်တွင်''သွေးကြွေးဆပ်မည်''စာတန်းပါပိတ်ဖြူချိတ်ဆွဲ၍ ဖက်ဆစ်တပ်များလာရောက်ရှင်းလင်းဖြုတ်ချ အချိန်တွင် မိုင်းဆွဲခံရသည်။
ဒီဇင်ဘာ(၂၆)ရက်၊နံနက်(၁၁)နာရီအချိန်ခန့်တွင် ဖက်ဆစ်တပ်သား လေးဦး ရပ်ဝတ်ဖြင့် စာတန်းပါပိတ်ဖြူလာဖြုတ်ချအချိန်တွင် ထားဝယ်ပျောက်ကြားတပ်အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါသည်။
"ဖက်ဆစ်တပ်သားတွေ ဒဏ်ရာတော့မရလိုက်ဘူး။မိုင်းဆွဲအချိန်တုန်းက အချိန်နောက်ကျသွားလို့ထင်တယ်"ဟုမြင်တွေ့ခဲ့ရသူတစ်ဦးက ဆိုသည်။
ထိုနောက် လမ်းသွားလာပြည်သူများကို စစ်ဆေးပြီး CCTV ရှိသောအဆောင်အုံးထဲဝင်ရောက် မှတ်တမ်းယူကာ ပြန်ထွက်သွားကြောင်း ၎င်းကပြောပြသည်။
ယင်း မိုင်းဆွဲတိုက်ခိုက်မှုတွင် အနီးအနားရှိပြည်သူများ ထိခိုက်ဒဏ်ရာရတာမျိုးမရှိကြောင်းသိရှိရသည်။
ယနေ့အချိန်မှစ၍ ဖက်ဆစ်ကောင်စီတပ်များ ဖမ်းဆီးနေရာ၊တပ်စွဲရာနေရာ၊လူမဲ့သပိတ်ပြုလုပ်နေရာများတွင် အချိန်မရွေးနေရာမရွေး ပစ်ခတ် ပေါက်ကွဲမှုများဖြစ်နိုင်သောကြောင့် ပြည်သူများ သတိထားဂရုစိုက်သွားလာကြပါဟု သတိပေးထားသည်။
အဆိုပါ တိုက်ခိုက်မှုကို Guerrilla Dawei (ထားဝယ်ပျောက်ကြားတပ်အဖွဲ့)က လုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူများနှင့် လုံးဝ (လုံးဝ)မသက်ဆိုင်ကြောင်းထုတ်ပြန်ထားပါသည်။
Dawei Information Center
No comments:
Post a Comment