ယင်းမာပင်-ပုလဲလမ်းတွင်စစ်​ကောင်စီတပ်မိုင်းဆွဲခံရပြီး ၃၀ ဦးထက်မနည်း​သေဆုံးနိုင်ဟု GTF ထုတ်ပြန်


ယင်းမာပင်-ပုလဲလမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ခန့် ပါဝင်သော ခြေလျင်စစ်ကြောင်းကို ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်း(GTF)က မိုင်းဆွဲတိုက်ခိုက်ရာ စစ်‌ကောင်စီတပ်မှသုံးဆယ်ဦးထက်မနည်း သေဆုံးနိုင်ကြောင်း GTFက ထုတ်ပြန်သည်။

ယနေ့(ဒီဇင်ဘာ၁၃ရက်)နံနက်၁၀ နာရီ ၂၈ မိနစ်တွင်ယင်းမာပင်မှ ပုလဲဘက်သို့ ဦးတည်၍ ခြေလျှင် ဖြန့်ဆင်းလာသော အာဏာသိမ်းစစ်​ကောင်စီတပ် ၅၀ ကျော်အား ယင်းမာပင်မြို့အထွက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း  ရွှေတြိဂံ တပ်ရင်း ပြောက်ကျား အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မိုင်းဆွဲတိုက်ခိုက်သည့် ဖြစ်စဉ်ရုပ်သံမှတ်တမ်းကို ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်း(GTF)က ဖေ့ဘွတ်လူမှုကွန်ရက်ပေါ်တွင် ထုတ်ပြန်ထားသည်။အကြမ်းဖက်စစ်‌​ကောင်စီတပ်ဖွဲ့ဝင်များက ယင်းမာပင်-ပုလဲလမ်းအတိုင်း ခြေလျင်လျှောက်လာစဉ်   အသင့်ထောင်ထားသည့်မိုင်းကွင်းအတွင်းမှ မိုင်းများကို ဖောက်ခွဲခဲ့သည်ကို တွေ့ရသည်။ စစ်ကောင်စီဘက်က သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်သံများလည်း ကြားရသည်။

" ကြိုက်သလောက်ပစ်။ ရင်မခုန်ဘူး"ဟု ပြည်သူ့ကာကွယ်ရေးတပ်ရင်း(GTF)ဖက်က လူငယ်တစ်ဦး၏ပြောသံကိုလည်း ကြားရသည်။

" မိုင်းခွဲ တိုက်ခိုက်ပြီး မိနစ် ၄၀ ခန့် စစ်ခွေးများ ငြိမ်သက်သွားကာ ၁၃ ယောက်လောက်သာ မြင်ရတော့သည်။ အသေအပျောက်မှာ (၃၀) ထက်မနည်း ခန့်မှန်းထားသည်"ဟု ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်း(GTF)က ထုတ်ပြန်ထားသည်။

People's Spring



ယင်းမာပင်-ပုလဲလမ်းတွင်စစ်​ကောင်စီတပ်မိုင်းဆွဲခံရပြီး ၃၀ ဦးထက်မနည်း​သေဆုံးနိုင်ဟု GTF ထုတ်ပြန် ယင်းမာပင်-ပုလဲလမ်းတွင်စစ်​ကောင်စီတပ်မိုင်းဆွဲခံရပြီး ၃၀ ဦးထက်မနည်း​သေဆုံးနိုင်ဟု GTF ထုတ်ပြန် Reviewed by THITHTOOLWIN on 19:52 Rating: 5

No comments:

Powered by Blogger.