ပျူစောထီးခေါင်းဆောင်နှင့် ၄င်း၏သားဖြစ်သူအပစ်ခံရမှုသည် DRPA ကဆောင်ရွက်ခဲ့ခြင်းဖြစ်

ဓာတ်ပုံ- HPDF

ရန်ကုန်၊ လှည်းကူးမြို့နယ်က ဒေသပျူစောထီးခေါင်းဆောင်ဟုသတ်မှတ်ခံထားရသူ ဦးအောင်ကြည်သိန်း(ခ)စောဖိုးခွားနှင့်၄င်း၏ သားဖြစ်သူ စစ်ကောင်စီသတင်းပေး ရဲဇော်ဦးတို့ကို ယမန်နေ့ ဒီဇင်ဘာ ၂၂ရက်နေ့က ပြစ်ဒဏ်စီရင်လိုက်ခြင်းသည် လှည်းကူးPDF ၏ မဟာမိတ်ဖက်ဖြစ်သော စစ်အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (DRPA) ကဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း လှည်းကူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာလ ၂၂ရက်နေ့၊ ညနေ ၅နာရီခန့်တွင် ဦးအောင်ကြည်သိန်း (ခ) စောဖိုးခွားသည် ၄င်း၏သားဖြစ်သူနှင့်အတူ ကြက်ဝိုင်းမှ ဆိုင်ကယ်ဖြင့်ပြန်လာစဥ် ကျွန်းကလေးကျေးရွာ၊ အာဇီဝမှတ်တိုင်အနီးတွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

လှည်းကူးပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့(HPDF)နှင့် စစ်အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (DRPA)တို့သည် အတူတကွပူးပေါင်းဆောင်ရွက်ကာ စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိလက်တွဲတိုင်ပွဲဝင်မည် ဖြစ်ကြောင်း ထုတ်ပြန်စာတွင် ပြောသည်။


Hlegu Luumhu Platform

ပျူစောထီးခေါင်းဆောင်နှင့် ၄င်း၏သားဖြစ်သူအပစ်ခံရမှုသည် DRPA ကဆောင်ရွက်ခဲ့ခြင်းဖြစ် ပျူစောထီးခေါင်းဆောင်နှင့် ၄င်း၏သားဖြစ်သူအပစ်ခံရမှုသည် DRPA ကဆောင်ရွက်ခဲ့ခြင်းဖြစ် Reviewed by THITHTOOLWIN on 21:56 Rating: 5

No comments:

Powered by Blogger.