မြောင် CDSOM တပ်ဖွဲ့မှာ စစ်သင်တန်းတက်ဖို့ မိဘတွေကိုယ်တိုင်က လာရောက်အပ်နှံ

ဒီဇင်ဘာ ၂၉၊ ၂၀၂၁

မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးတပ်ဖွဲ့  (CDSOM) ရဲ့ အမှတ်၁၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကို ဒီဇင်ဘာ ၂၄ ရက်ကပြုလုပ်ခဲ့ပြီး စစ်သင်တန်းတက်ဖို့အတွက် မိဘတွေကိုယ်တိုင်က လာရောက်အပ်နှံတာ ဖြစ် တယ်လို့ မြောင် CDSOM တပ်ဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

“ဘယ်သင်တန်းသားကိုမှ ကာကွယ်ရေးအဖွဲ့ထဲ ဝင်ဖို့ဆိုပြီး လိုက်စည်းရုံးစရာမလိုပါဘူး။ မလိုဘူးဆိုတဲ့ဟာက သူတို့ကိုယ်တိုင်လဲ မတရားခံနေရတာဖြစ်တဲ့အတွက်ကြောင့်မို့လို မတရားမှုကို သူတို့ကိုယ်တိုင် တွန်းလှန်ချင်ကြတယ်။ အဲဒါကြောင့်မို့လို့ သူတို့ကိုယ်တိုင်က ကျတော်တို့ဆီကို တချို့ဆိုရင် မိဘတွေကိုယ်တိုင်က တောင်းတောင်းပန်ပန် နဲ့ကို လာပြီးတော့ အပ်ကြတယ်။ သင်တန်းသားတွေကို ငယ်လွန်းတဲ့အခါကျရင်တောင်မှ လက်မခံဘူး။ သူတို့ရဲ့ စိတ်ကိုယ်က မတရားမှုကို တွန်းလှန်ချင်တဲ့စိတ်ကြောင့်မို့ ကျနော်တို့ဆီကိုရောက်လာကြတာပါ” လို့ မြောင် CDSOM တပ်ဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

အခြေခံစစ်ပညာသင်တန်းကို သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၃၀၀ ကျော် တက်ရောက်တာဖြစ်တယ်လို့ လည်း သိရပါတယ်။

“သူတို့ စစ်ကောင်စီကို တအားကို ရွံ့မုန်းနေတဲ့အတွက်ကြောင့်မို့ မရှိရင် ရှိတာနဲ့ပဲ ထွက်တိုက်ကျမယ်။ အဲဒီတော့ကျ ကျနော်တို့က အသက်တွေအလဟသ မဆုံးရှုံးစေချင်ဘူး။ သူတို့မှာ လက်နက်မရှိဘူးဆိုရင်တောင်မှ သူတို့ဘယ်လိုပြန်ပြီးတော့ ခုခံနိုင်မလဲ ဘယ်လိုပြန်ပြီးတော့ ရှောင်တိမ်းပုန်းခိုနိုင်မလဲဆိုပြီးတော့ နည်းပညာတွေ ကို အနည်းဆုံးတော့ ရသွားစေချင်တဲ့စေတနာနဲ့ သူတို့ကို သင်ကြားပေးခဲ့တာပါ” မြောင် CDSOM တပ်ဖွဲ့ရဲ့ ခေါင်းဆောင်က ဆက်ပြောပါတယ်။

အဲဒီသင်တန်းမှာ အမျိုးသားရော အမျိုးသမီးတွေပါ တက်ရောက်ခဲ့တာဖြစ်သလို CDM ဝန်ထမ်းတွေ၊ အိမ်ထောင် သည်အမျိုးသမီးတွေလည်းပါဝင်ပြီးတော့ အသက်အရွယ်အားဖြင့် အသက် ၁၈ နှစ်ကနေ အသက် ၅၀ ဝန်းကျင် အထိ ရှိတယ်လို့ ဆိုပါတယ်။

Public Voice Television 

ဓာတ်ပုံ - Mandalay Free Press - MFP



မြောင် CDSOM တပ်ဖွဲ့မှာ စစ်သင်တန်းတက်ဖို့ မိဘတွေကိုယ်တိုင်က လာရောက်အပ်နှံ မြောင် CDSOM တပ်ဖွဲ့မှာ စစ်သင်တန်းတက်ဖို့ မိဘတွေကိုယ်တိုင်က လာရောက်အပ်နှံ Reviewed by THITHTOOLWIN on 00:13 Rating: 5

No comments:

Powered by Blogger.