စစ်ကောင်စီအားအားပေးထောက်ခံသည့်ပုံစံဖြင့် CDM ဝန်ထမ်းများအား ဖိအားပေးနေသော CB Bank ကို B.F.R.A.F မှ မိုင်းထောင်သတိပေး


ဒီဇင်ဘာ ၂၃ ရက်

CDM ပြုလုပ်နေသော ဘဏ်ဝန်ထမ်းများအား စစ်ကောင်စီအလိုကျ ဖိနှိပ်မှုများ ပြုလုပ်လျက်ရှိသော CB Bank ရှိ တာဝန်ရှိလူကြီးများအား သတိပေးသည့်အနေဖြင့် ယနေ့ ဒီဇင််ဘာ ၂၃ ရက်နေ့တွင်၊ သိမ်ဖြူလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ Union Financial Center ရှိ CB Bank အား မိုင်းထောင်သတိပေးခဲ့သည်ဟု ဗမာ့နောက်ဆုံးတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ B.F.R.A.F မှ ထုတ်ပြန်သည်။ 

ယခုတစ်ခေါက်သည် သတိပေးခြင်းဖြစ်သည့်အတွက် မည်သည့် တစ်ဦးတစ်ယောက်ကိုမျှ မထိခိုက်စေရန် ဖောက်ခွဲမှု မလုပ်ဆောင်ခဲ့ဟုလည်း သိရသည်။

CB Bank သည် Staff Loan ယူထားသော ဝန်ထမ်းများအား မပေးဆပ်နိုင်ပါက သတင်းစာတွင်ကြော်ညာထည့်ခြင်း၊ ရှေ့နေငှါးကာတရားစွဲခြင်းများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ခြင်းအပါအဝင် CDM ဘဏ်ဝန်ထမ်းများအား ဖိနှိပ်ခြိမ်းခြောက်မှု အမျိုးမျိုးကို ပြုလုပ်နေသည့်အတွက် ယခုကဲ့သို့ သတိပေးရခြင်းဖြစ်ကြောင်းလည်း B.F.R.A.F ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။


HTY Information III

စစ်ကောင်စီအားအားပေးထောက်ခံသည့်ပုံစံဖြင့် CDM ဝန်ထမ်းများအား ဖိအားပေးနေသော CB Bank ကို B.F.R.A.F မှ မိုင်းထောင်သတိပေး စစ်ကောင်စီအားအားပေးထောက်ခံသည့်ပုံစံဖြင့် CDM ဝန်ထမ်းများအား ဖိအားပေးနေသော CB Bank ကို B.F.R.A.F မှ မိုင်းထောင်သတိပေး Reviewed by THITHTOOLWIN on 22:36 Rating: 5

No comments:

Powered by Blogger.