ဝက်လက်နယ်တွင် မိုင်းရှင်းရန်လာသည့် စစ်​ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် သုံးဦး​သေ

(ဓာတ်ပုံ - ဝက်လက်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကို ​တွေ့ရစဥ်)

မိုင်းရှင်းရန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ဗိုလ်ကြီးဇော်မိုးလတ်နှင့် တပ်သားသုံးဦးသေဆုံးကြောင်း ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ယနေ့ ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၈ ရက် နံနက် ၈နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ရိက္ခာကားကို ပဒေသာမိုင်းသုံးလုံးဖြင့် မန္တလေ-ရွှေဘိုလမ်းပေါ်  စိုင်နိုင်ကွေ့ရွာအနီးတွင် ဗိုလ်သံမဏိအဖွဲ့က ကနဦး မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ထို့နောက် ယနေ့(ဒီဇင်ဘာ ၂၉ ရက်)နံနက်တွင် စိုင်နိုင်ကွေ့အနီးနား၌ မိုင်းရှင်းလင်းရန်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဗိုလ်သံမဏိအဖွဲ့က ထပ်မံမိုင်းဆွဲတိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုတွင် ဗိုလ်ကြီး ဇော်မိုးလတ်နှင့် တပ်သား သုံးဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိနိုင်ကြောင်းလည်း စုံစမ်းသိရှိရသည်ဟု ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ဆိုသည်။

ဝက်လက်မြို့နယ်တွင် နိုဝက်ဘာ ၇ရက်မှစ၍ တော်လှန်ရေးအဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သစ်ဆိမ့် ရဲစခန်းမှူးနှင့် ဗိုလ်ကြီးဇော်မိုးလတ်တို့ ​သေဆုံးပြီး တပ်သားအသေအပြောက်လည်း များပြားနေသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

People's Spring 

ဝက်လက်နယ်တွင် မိုင်းရှင်းရန်လာသည့် စစ်​ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် သုံးဦး​သေ ဝက်လက်နယ်တွင် မိုင်းရှင်းရန်လာသည့် စစ်​ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် သုံးဦး​သေ Reviewed by THITHTOOLWIN on 00:21 Rating: 5

No comments:

Powered by Blogger.