ရန်ကုန်တောင်ပိုင်းခရိုင် စစ်ဆေးရေးဂိတ် ၄၀ မမ ဗုံးသီးဖြင့်ပစ်ခံရမှုတွင် ဒဏ်ရာရရှိသောစကစတပ်သား (၃) ဦး ဆေးရုံတွင် ထပ်မံသေဆုံး


ဒီဇင်ဘာ ၂၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် တော်ခရမ်းလေးကျေးရွာ တိုက်ကြီးလမ်းထိပ်ရှိ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်အား ဒီဇင်ဘာလ ၂၆ရက်နေ့  နံနက်ပိုင်းက ဒေသခံ PDF များက ၄၀မမ ဗုံးသီးနဲ့ ပစ်ခတ်ခဲ့ပြီး‌ ယမန်နေ့က စစ်ကောင်စီတပ်သား (၁) ဦးသေဆုံးသွားခဲ့ပြီး ဒဏ်ရာရရှိသူ အများအပြားလည်းရှိကြောင်းသိရသည်။

အဆိုပါစစ်ဆေးရေးဂိတ်အား ဗုံးပစ်တိုက်ခိုက်ခံရပြီး ဒဏ်ရာပြင်းထန်ခဲ့တဲ့ စစ်ကောင်စီတပ်သား (၁) ဦးဟာ ယမန်နေ့က ဒေးဒရဲမြို့နယ် ဆေးရုံမှာသေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ဒီကနေ့မှာ နောက်ထပ်(၃)ဦး ထပ်မံသေဆုံးသွားကြောင်း ကော့မူးသတင်းအေဂျင်စီမှသိရသည်။

ထို့ကြောင့် ယင်းတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ်မှ သေဆုံးသူ(၄)ဦးအထိရှိပြီး အခြားထိခိုက်ဒဏ်ရာရသူများရှိနိုင်သေးသော်လည်း အရေအတွက် အသေးစိတ်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။


PDF Newsflash


ရန်ကုန်တောင်ပိုင်းခရိုင် စစ်ဆေးရေးဂိတ် ၄၀ မမ ဗုံးသီးဖြင့်ပစ်ခံရမှုတွင် ဒဏ်ရာရရှိသောစကစတပ်သား (၃) ဦး ဆေးရုံတွင် ထပ်မံသေဆုံး ရန်ကုန်တောင်ပိုင်းခရိုင် စစ်ဆေးရေးဂိတ် ၄၀ မမ ဗုံးသီးဖြင့်ပစ်ခံရမှုတွင် ဒဏ်ရာရရှိသောစကစတပ်သား (၃) ဦး ဆေးရုံတွင် ထပ်မံသေဆုံး Reviewed by THITHTOOLWIN on 01:26 Rating: 5

No comments:

Powered by Blogger.