မုံရွာရွှေဘိုလမ်းမပေါ်မှာ စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးတပ် တိုက်ခိုက် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးနိုင်တယ်လို့ဆို



စစ်ကိုင်းတိုင်းဒေသကြီးထဲက အရာတော်မြို့နယ် ၊ မုံရွာ- ရွှေဘိုလမ်းမပေါ်မှာ ဒီကနေ့ ဒီဇင်ဘာ ၁၀ရက် မနက်ပိုင်းက စစ်ကောင်စီအရာရှိတစ်ဦးကို ကြိုလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်းသေဆုံးနိုင်တယ်လို့ အရာတော်မြို့နယ်တော်လှန်ရေးအင် အားစုကထုတ်ပြန်ပါတယ်။

ဒီကနေ့မနက်ပိုင်း မုံရွာ- ရွှေဘိုလမ်းပေါ်က ဇရစ်ကျေးရွာနဲ့မြေနက်ကျေးရွာကြားမှာ ဖြတ်သန်းလာတဲ့ စစ်ကောင်စီအရာရှိပါ ယာဉ်နှစ်စီးမှာ မိုင်းထိပြီးနောက် နေရာမှာထိုးရပ်သွားခဲ့ပြီး အရာရှိနဲ့ စစ်သားအများအပြားပါတဲ့ ကားကို ဒေသကာကွယ်ရေးတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ အရာတော်မြို့နယ်တော်လှန်ရေးအင်အားစုကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

BBC Burmese

မုံရွာရွှေဘိုလမ်းမပေါ်မှာ စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးတပ် တိုက်ခိုက် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးနိုင်တယ်လို့ဆို မုံရွာရွှေဘိုလမ်းမပေါ်မှာ စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးတပ် တိုက်ခိုက် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးနိုင်တယ်လို့ဆို Reviewed by THITHTOOLWIN on 07:44 Rating: 5

No comments:

Powered by Blogger.